/Unicode/
နှလုံးသားချင်း အရမ်းနီးကပ်လာရင်
အတွေးတွေကအစ ထပ်တူကျပါသတဲ့......။>>>>>>>>>>>>Without A Heart<<<<<<<<<<<<
" Jungkook ကလည်း မလာသေးဘူး! မှောင်နေပြီ
ဘာလို့ နောက်ကျနေပါလိမ့် "Jimin အိမ်ရှေ့က အဆောင်ထဲမှာ ထိုင်ကာ ခြံအပြင်
ကို တစ်မျှော်မျှော်လုပ်ရင်း လက်ထဲက သော့တံလေးကို
ဆော့ကာ တစ်ယောက်တည်း ခပ်တိုးတိုး ပြောနေမိ
သည်။ Seokjin hyung ပြောတာ
တော့ တွေ့ဆုံပွဲဟာ ဘာပြဿနာမှ မရှိပါပဲနဲ့
အဆင်ပြေပြေ ပြီးဆုံးသွားခဲ့တယ်တဲ့။ ပြီးတော့
Jungkook က အိမ်ရှေ့စံကို ပြန်လိုက်ပို့ပြီး လူကြီးမင်းဆီ စကားပြန်ဝင်ပြောပြီးရင် ပြန်လာလိမ့််မယ်တဲ့။
အဆင်ပြေပြေပြီးဆုံးသွားသည်မို့ စိတ်ပူတာ လျော့သွား
ပေမယ့် Jungkook ဆီကနေ သေချာအောင် အတည်
ပြုချင်နေသေးသည်။ကောင်းကင်ကို မော့ကြည့်လိုက်မိတော့ ညဥ့်မနက်
သေးတာမို့ ကြယ်တွေတောင် သိပ်မစုံချင်သေးပေ။
သူကိုက Jungkook ကို မြန်မြန်တွေ့ချင်နေတာ ဖြစ်
မည်။ အခုသူ့ပုံစံက မသိရင် အိမ်ပြန်နောက်ကျတဲ့
ယောက်ျားကို စောင့်နေတဲ့ အိ်မ်ရှင်မလိုပါပင်။ အဲ.....
သူက ယောက်ျားလေး ဆိုတော့ အိမ်ရှင်ထီးပေါ့ အဟီး။
ကိုယ့်အတွေးကို သဘောကျသွားကာ Jimin ခေါင်းငုံ့
ပြီး ရီချလိုက်မိတယ်။ တစ်နေ့တစ်ခြား ရောဂါရင့်လာ
နေသော Park Jimin ပါပဲ။Jungkook ခြံရှေ့ကိုရောက်တော့ ခြံထဲက အဆောင်
ထဲမှာ ဒူးနှစ်ဖက်ကိုပိုက်ကာ ထိုင်နေတဲ့ Jimin ကို
ချစ်စရာကောင်းစွာ တွေ့လိုက်ရသည်။ ကောင်းကင်ကို
မော့ကြည့်နေရင်းက ရုတ်တရက် ရီချလိုက်တဲ့ Jimin
ကြောင့် Jungkook အ့ံသြသွားတယ်။ ဘာတွေ
တွေးနေလို့ ဒီလောက် သဘောတကျ ရီနေတာပါလိမ့်။" ဟော Jungkook ပြန်လာပြီ! Jungkook အဆင်
ပြေခဲ့တယ်ဆို ဟုတ်လား Seokjin hyung ပြောတာ "သူ့ကို မြင်သွားတဲ့ Jimin က ထိုင်နေရာကနေ ဆတ်ခနဲ
ထလာကာ ခြံတံခါးကို မြန်မြန်ဖွင့်ပေးနေသည်။
အိမ်အပြန်မှာ စောင့်ကြိုနေတဲ့သူ တစ်ယောက်ရှိတဲ့
ခံစားချက်ဟာ ရင်ဘတ်တစ်ခုလုံး နွေးသွားစေတယ်။
![](https://img.wattpad.com/cover/185723289-288-k122073.jpg)
YOU ARE READING
𝑾𝒊𝒕𝒉𝒐𝒖𝒕 𝑨 𝑯𝒆𝒂𝒓𝒕
Paranormalကြယ်တွေ စုံနေစရာမလိုဘူး Jungkook သာ အနားမှာရှိမယ်ဆိုရင် လမိုက်ည ဖြစ်နေရင်တောင် ကျွန်တော့် ကောင်းကင်က လင်းပါတယ် Park Jimin ခွဲခွာခြင်းတွေကို ကိုယ်မကြိုက်ဘူး Jimin အဲ့ဒါကြောင့် ကြုံလာသမျှ ပြဿနာ...