/ Unicode /
မနက်ခင်းအိပ်ယာနိုးတာနဲ့ ၊ Jimin မျက်လုံးတွေကို
အတင်းအားယူကာဖွင့်ကာ ၊ ပြတင်းပေါက်ကို
လှမ်းကြည့်လိုက်သည် ။ မှန်တွေကနေတစ်ဆင့်
မြင်နေရတဲ့ နေရောင်ခြည်တောက်တောက်ဟာ ၊
သူနိုးတာ နောက်ကျနေပြီဖြစ်ကြောင်း အသံတိတ်
အသိပေးနေသလိုပင် ။ ထမှ ဖြစ်တော့မယ့်
အခြေအနေကြောင့် ၊ သူ ပျင်းတိပျင်းရွဲ ထထိုင်ပြီး
ဆံပင်တွေကိုပါ တစ်ချက်ဆွဲဖွပစ်လိုက်တယ် ။
ညက အိပ်တာ နောက်ကျသွားတဲ့ ရလဒ်က ၊
အိပ်ရေးမဝတဲ့ ခံစားချက်နဲ့အတူ ခေါင်းကိုပါ
တစ်စစ်စစ်နဲ့ ထိုးကိုက်စေတော့တာ ။ မကြည်မလင်
ဖြစ်နေတဲ့ စိတ်ကြောင့် ၊ Jimin မျက်မှောင်တွေကို
စုပစ်ရင်း နားထင်ကို လက်ညိုးနဲ့ နှိပ်နေတုန်း ၊
ရုတ်တရက် သတိရသွားမိတာ Jungkook ။" Jungkook ရော ၊ ညက ကောင်းကောင်း အိပ်ပျော်
ရဲ့လား မသိဘူး "တစ်ကိုယ်တည်းကြားရုံလေသံလေးနဲ့ သူ စိတ်ပူ
သလို တွေးတွေးဆဆ ရေရွတ်မိတယ် ။ ညက
သူတို့နှစ်ယောက် အချိန်အတော်ကြာတဲ့အထိ
စကားတွေအများကြီး ပြောခဲ့ကြပြီးမှ ကိုယ်ဆီ
အိပ်ယာဝင်ခဲ့ကြတာ ။ Jungkook သူ့ကို အခန်းထဲ
ပြန်လိုက်ပို့ပေးတဲ့အချိန်ဟာ ၊ လူကိုတောင် သဲသဲ
ကွဲကွဲမမြင်ရတော့တဲ့အထိ ညဥ့်နက်နေပြီ ။
ဒါတောင် တစ်ဝါးဝါးသမ်းနေတဲ့ သူ့ရဲ့ အခြေအနေ
ကြောင့် Jungkook က အတင်းပြန်လိုက်ပို့လို့ ။
မဟုတ်ရင်တော့ သူ ညလုံးပေါက် Jungkook
နားမှာပဲ နေမိမှာ ။ Jungkook ရင်ခွင်ထဲ ဝင်နေပြီး
တော့ ၊ ပြတင်းပေါက်နားမှာ အတူတူထိုင်ရင်း
အရင်တုန်းက အကြောင်းအရာတွေကို ပြန်ပြော
ရတာ ၊ ဘယ်လောက်တောင် ရင်ခုန်သဘောကျစရာ
ကောင်းလိုက်သလဲလို့ ။ အဲ့တော့ အခန်းကို မပြန်ပဲ
Jungkook ဆီမှာ နေချင်တာ သူ့အလွန် မဟုတ်ဘူး
မှတ်လား ။" အဟီး ဟီး "
ပထမက Jungkook ကို စိတ်ပူနေတာဆိုပေမယ့် ၊
ညက အကြောင်းတွေက အတွေးထဲ ရောက်လာ
ပြန်တော့ ၊ သူ့ရဲ့ မျက်နှာက တစ်ဖြည်းဖြည်းနဲ့
ပြုံးဖြီးလာတော့သည် ။" အီးယား! လွမ်းလိုက်တာနော် ၊ Jungkook ကို
သွားတွေ့မယ် ၊ Jungkook ကို သွားတွေ့မယ် "

VOUS LISEZ
𝑾𝒊𝒕𝒉𝒐𝒖𝒕 𝑨 𝑯𝒆𝒂𝒓𝒕
Fantastiqueကြယ်တွေ စုံနေစရာမလိုဘူး Jungkook သာ အနားမှာရှိမယ်ဆိုရင် လမိုက်ည ဖြစ်နေရင်တောင် ကျွန်တော့် ကောင်းကင်က လင်းပါတယ် Park Jimin ခွဲခွာခြင်းတွေကို ကိုယ်မကြိုက်ဘူး Jimin အဲ့ဒါကြောင့် ကြုံလာသမျှ ပြဿနာ...