/ Unicode /
ခန်းမကျယ်ထဲသာယာစွာပျံ့လွင့်နေတဲ့ တူရိယာသံ
က ၊ ဒီဘက်အဆောင်ကနေတောင် ကြားနေရသည်။
မင်္ဂလာချိန်နီးကပ်လာလေ ၊ ပိုစိတ်လှုပ်ရှားလာလေ
ဖြစ်နေတဲ့ Jimin မှာ ထိုင်မရ ထမရနဲ့ ။ ပိုဆိုးတာက
အနားမှာ Jungkook ရှိမနေတာပဲ ။ သူ့ထက် ခန်းမ
ထဲ အရင်ဝင်ရမယ့် Jungkook က ၊ ခုနကလေးတင်
ဒီအဆောင်ထဲကနေထွက်သွားခဲ့တာ ။" သားတော်ငယ် အရမ်းစိတ်လှုပ်ရှားနေတာပဲ "
အရမ်းသိသာနေတဲ့ သူ့ပုံစံကြောင့် ၊ မယ်မယ်က
အသာအယာပြုံးရင်း သူ့လက်တစ်ဖက်ကို ဆွဲယူကာ
ကိုင်ထားပေးတယ်။" မယ်မယ့် ကလေးလေးတောင် ဒီအရွယ်ရောက်
လာပြီ ၊ အချိန်တွေကုန်တာ မြန်လိုက်တာနော် "Jimin ကိုကြည့်ရင်းနဲ့ သူမ တစ်ကိုယ်တည်းပြော
သလို ခပ်တိုးတိုးရေရွတ်မိသည် ။ အမှန်အတိုင်း
ပြောရရင် ၊ သူမအခု Jimin ကိုနှမျောတဲ့စိတ်နဲ့
ဝမ်းနည်းသလိုလို ဖြစ်နေတယ် ။ Jimin ကို သူမ
ဘာအတွက် မွေးဖွားပေးခဲ့သလဲ ဆိုတာရယ် ၊
အချိန်တန်ရင် ဒီကလေးကို Jungkook လက်ထဲ
ထည့်ပေးရမယ် ဆိုတာရယ်ကို ၊ သေချာသိထားပြီး
ဖြစ်ပေမယ့်လည်း ၊ မိခင်တစ်ယောက်အနေနဲ့ ၊
ဝမ်းနည်းဝမ်းသာ ခံစားချက်ကို အခု ခံစားနေရ
တယ် ။ အတိတ်မှာ ဘာတွေပဲဖြစ်ခဲ့ ဖြစ်ခဲ့ ၊
လက်ရှိမှာတော့ ၊ Jimin ဟာ သူမဝမ်းနဲ့လွယ်မွေး
ထားတဲ့ကလေးပဲ ။ ပြီးတော့ 18 နှစ်ဆိုတဲ့ အချိန်
ကလည်း သံယောဇဥ်ကြိုးတွေ အထပ်ထပ်ချည်ဖို့
လုံလောက်တဲ့ အချိန်အတိုင်းအတာ တစ်ခုပဲ
မဟုတ်လား ။" မယ်မယ် စိတ်မကောင်းဖြစ်နေတာလား "
အတိတ်ဆီသွားနေတဲ့ အတွေးတို့က ခပ်တိုးတိုး
အသံလေးကို ကြားမှပဲ လက်ရှိကို ပြန်ရောက်
လာတော့သည် ။ သူမကို စူးစမ်းနေတဲ့ မျက်လုံး
လေးတွေထဲမှာ ၊ စိုးရိမ်နေတဲ့ အရိပ်အယောင်တွေ
မြင်နေရတာကြောင့် သူမ ခေါင်းကို ခါပြလိုက်
တယ် ။" မဟုတ်ပါဘူး သားတော်ရယ် ၊ အခုက
စိတ်မကောင်းဖြစ်ရမယ့် အချိန်မှ မဟုတ်တာလေ "ပျော်ရွှင်နေတဲ့ Jimin ကို သူမဆီက ဝမ်းနည်းမှုတွေ
မကူးစက်စေချင်ပေမယ့်လည်း ၊ အရိပ်အကဲ
သိလွန်းတဲ့ Jimin က ထိုင်ရာကနေ ထပြီး
သူမကို လာဖက်တယ် ။

ŞİMDİ OKUDUĞUN
𝑾𝒊𝒕𝒉𝒐𝒖𝒕 𝑨 𝑯𝒆𝒂𝒓𝒕
Paranormalကြယ်တွေ စုံနေစရာမလိုဘူး Jungkook သာ အနားမှာရှိမယ်ဆိုရင် လမိုက်ည ဖြစ်နေရင်တောင် ကျွန်တော့် ကောင်းကင်က လင်းပါတယ် Park Jimin ခွဲခွာခြင်းတွေကို ကိုယ်မကြိုက်ဘူး Jimin အဲ့ဒါကြောင့် ကြုံလာသမျှ ပြဿနာ...