အပိုင်း တစ်

6K 196 1
                                    

"ဇီယာအေး....”

"ဗျာ.....”

ကောက်ရိုးသယ်နေရင်းမှ ဇီယာအေးတစ်ယောက် အကြီးရင်ခေါ်သည့်အနားသို့ ထမိန်ကိုပြင်ဝတ်၍ ပါးစပ်ထဲတွင်ကွမ်းများဝါးကာ ကောက်ရိုးများပြန်ချထားလိုက်ကာ အပြေးကလေးလာခဲ့သည်။ဇီယာ အကြီးရင်အနားသို့ရောက်တော့ ကွမ်ပျစ်ပေါ်တွင်ထိုင်ကာ ရေနွေးကြမ်းသောက်နေသည့်အကြီးရင်ကမော့ကြည်လာတော့ ဇီယာလည်း ကွမ်းတံတွေးထွေးရင်း အကြီးရင်အရှေ့ဝင်ထိုင်လိုက်သည်။

"ဘာဖြစ်ပြန်ပြီလဲ အကြီးရင်”

ပြောပြောဆိုဆို ဇ်ီယာကအကြ်ီးရင်ငဲ့ထားသော ရေနွေးကြမ်းအားယူကာသောက်လေသည်။သဘောကောင်းလှသည့်အကြီးရင်ကတော့ ဘာမှမပြောချေ။ထို့နောက်အကြီးရင်ကနောက်တခွက်အားပြန်ငဲ့ထည့်လေသည်။ ဇီယာလည်း ရေနွေးကြမ်းအား ပါးစပ်ထဲတွင်ကွမ်းဖတ်များစင်​ကြယ်အောင်ပလုတ်ပလောင်းကျင်းကာ ပါးစပ်အားဆေး၍ပါးစပ်ထဲကရေများအား မြေပေါ်သို့ထွေးထုတ်လိုက်သည်။ထို့နောက် ရေနွေးအားနောက်တစ်ကြိမ်ထပ်ငဲ့ကာ သောက်ချလိုက်သည်။သောက်ပြီးနောက်ရေနွေးခွက်အား ဇီယာအရှေ့ပြန်ထားပြီးနောက်အကြီးရင်ကစကားဆိုလေသည်။

"ပြီးပြီလား ဇီယာအေး”

ထိုအခါဇီယာက အကြီးရင်အားပြုံးပြ၍

" ပြီးပြီ။ ဘာခိုင်းမလို့ခေါ်လိုက်တာတုန်း”

"အေးကွဲ့ ခဏက ငါ့သမီးဖုန်းလာလို့ အခုငါ့သမီးရွာကိုဆင်းလာနေပြီတဲ့”

"အော်....အကြီးပြောတဲ့ အကြီးသမီးက ဟို....မြို့မှာကျောင်းတက်နေတဲ့ ကောင်မလေးလား”

"အင်း...ဟုတ်တယ်ဇီယာ”

ထိုအခါ ဇီယာအေးက အရှေ့တွင်ချထားသော ရေနွေးခွက်အားပြန်ကောက်ကိုင်ပြီး မေယ့သောက်လိုက်သည်။ထို့နောက် ရေနွေးခွက်အားကိုင်ထားရင်းဖြင့် သူကစကားဆိုလာသည်။

"အော်.... သူကဘာဖြစ်လို့လဲတဲ့။ မလာတာနှစ်နဲ့ချီနေပြီမဟုတ်လားဗျ”

မိန်းကလေးဖြစ်ပြီးတဗျဗျဖြင့်ထူးတတ်ပြောတတ်သည့် ဇီယာအေးအား အကြီးရင်ကသိပ်သဘောကျသည်။ပြီးတော့ ဇီယာအား အကြီးရင်က သမီးအရင်းလိုလည်းသိပ်ချစ်ပါသည်တဲ့လေ။အကြီးရင်လည်း ပြုံးရင်းဖြင့်ပင်စကားအားပြန်ဆက်သည်။

အရက်သမWhere stories live. Discover now