ဇီယာအေးတစ်ယောက် သူများတွေထမင်းစားနားနေချိန်တွင် တစ်ယောက်တည်း အရိပ်အာဝါသကောင်းသည့်သစ်ပင်ကြီးအောက်တွင်ထိုင်ကာငိုကြွေးနေလေသည်။
အကြောင်းရင်းမှာ ငကောင်းနဲ့ ငအေးတို့ပြောသည့်စကားကြောင့် သစ်ပင်အောက်တစ်ယောက်တည်းလာငိုနေရခြင်းဖြစ်ပေသည်။
ငအေးနဲ့ငကောင်းပြောသောစကားမှာ
"ငဟျောင့် ဇီယာအေး ။ အိမ့်ကိုငါ့တို့သွားရှင်းပြပြီးပြီကွ။ ဒါပေမဲ့ကွာ.....”
ငအေးက မျက်နှာလေးညိုးကျသွားပြီးဇီယာအေးအားဆက်ပြောမည့်စကားကိုရပ်တန့်ကာ သက်ပြင်းချနေလေသည်။
"ဘာလဲ ငအေးရ ။ သက်ပြင်းလာချနေတာ ဘာလဲ မင်းဖင်ပွေးပေါက်နေလို့လား”
ထိုအခါ ငအေးတစ်ယောက်ကခေါင်းငြိမ့်ကာ
"အင်း”
ငအေးစကားဆုံးတော့ ငအေး၏အနီးအနားတွင်ရပ်နေသည့် ဇီယာအေးရော ငကောင်းပါမျက်လုံးပြူးသွားပြီးနှစ်ယောက်လုံးပြိုင်တူအော်မိလေသည်။
"ဟင်...”
နှစ်ယောက်လုံး၏အော်သံကြားတော့ ငအေးမှာမျက်ပြူးဆံပြာဖြစ်သွားကာ အတင်းရှင်းပြလေသည်။
"ဟာ.... ဟေ့ မင်းတို့နှစ်ကောင် ။ ငါကဘာကိစ္စပွေးတက်ရမှာလည်း တက်ချင်းတက် မင်းတို့နှစ်ကောင်ရဲ့ဖင်တက်ရမှာ။ငါက ငါ့ဖင်ကို အသန့်ရှင်းဆုံးထားတာကွ”
ဇီယာအေးကလည်း
"သိဘူးလေကွာ.... မင်းက အရင်းမရှိအဖျားမရှိသက်ပြင်းလာချနေတာကိုကွ ။လချိပဲ....”
"ဘာကိုလချိလဲ မင်းမှာရှိလို့လား”
ငကောင်းက ဇီယာအေး အားပြောတော့ တခွန်းမကျန်အငြိမ်မခံနေတတ်သည့် ဇီယာအေးကတော့ ထုံးစံအတိုင်းပင်ပက်ခနဲပြန်ပြောလေသည်။ပြန်မပြောရင် ဇီယာအေးမပီသတော့မည်ဆိုးသည့်အလားပင်။
"ငါ့မှာမရှိလို့ ငါ လဥလို့ဆဲလို့လား လချိလို့ဆဲတာလေ..မင်းလည်း နလပိန်းတုံး”
နလပိန်းတုံးလို့အပြောခံရသည့် ငကောင်းလည်း ပြန်ပြောလေသည်။
YOU ARE READING
အရက်သမ
General Fictionမိန်းကလေးအရက်သမဖြစ်တဲ့ကျွန်တော်နဲ့ ဂုဏ်ကြီးရှင်သူဌေးသမီးတစ်ဦးဖြစ်တဲ့သူမ တို့၏ဇာတ်လမ်း။ ဇီယာအေး ၊ အိမ့်ကြေးမှုံမင်း