ဒီနေ့တော့ နေကကျစ်ကျစ်တောက်မပူပဲကောင်းကင်ကြီးကညို့မှိုင်းစွာလေညင်းလေးကလည်းခပ်သွဲ့သွဲ့တိုက်ခတ်နေလေသည်။
စပါးနင်းဖို့လည်းကောင်းသောရာသိီဥတုဖြစ်ပေမဲ့မကောင်းတာက ဇီယာအေး၏စိတ်တွေပင်။
ဇီယာအေးစပါးထမ်းနေပေမဲ့ အရင်ကလိုပြုံးပြုံးရွှင်ရွှင်ရယ်ရယ်မောမောမရှိသည်ကို စပါးနင်းသည့်တဲပေါ်မှစပါးနင်းနေသည်အိမ့်ကြေးမှုံမင်းမျက်မှောင်ကြီးကြုတ်ကာကြည့်နေလေသည်။
ဘာလို့ငါကိုအခုထက်ထိစကားမပြောတာလဲ။
မျက်မှောင်ကြီးကြုတ်ရင်း နင်းလက်စ,စပါးအထုံးကြီးအားနင်းနေသည်မှာ နင်းနေသည့်စပါးအထုံးထဲစပါးစေ့မရှိသည်အထိပင်။
ကောင်းကင်ကြီးကမသာယာသလို အိမ့်ကြေးမှုံမင်း၏စိတ်များလည်း ဇီယာအေးကစကားမပြောသည့်ရက်များ များပြားလာသောကြောင့်စိတ်တွေလည်းမကြည်လင်တော့ပေ။
တစ်ရက်မဟုတ်နှစ်ရက်မဟုတ်နဲ့ နဲနဲတော့များသွားပြီ။
အိမ်ကြေးမှုံမင်းနှုတ်ခမ်းကိုက်ကာမျက်နှာကြီးဆူပုတ်ရင်စပါးနင်းနေသည်ကို စပါးထမ်းလာသည့်ရှိုင်းမောင်မောင်ကမြင်တော့ တစ်ယောက်တည်းရယ်ကြဲကြဲဖြစ်ကာ ဆူပုတ်ကာနေသူအိမ့်ကြေးမှုံမင်းအားမေးရလေသည်။
စပါးထမ်းကာစပါးနင်းနေသည့်အိမ့်ကြေးမှုံမင်းအနီးအနားသို့ရှိုင်းမောင်မောင်ရောက်လာတော့ ထမ်းထားသော စပါးအထုံးအား စပါးနင်းသည့်တဲပေါ်ပစ်တင်ကာ
"ဘာဖြစ်လို့လဲ မ။”
နှုတ်ခမ်းကိုက်ကာတခြားတနေရာသို့ကြည့်၍စိတ်အလိုမကျသူ အိမ့်ကျေးမှုံမင်းအားမေးတော့ အိမ့်ကြေးမှုံမင်း သည်မျက်ထောင်ကပ်၍နှုတ်ခမ်းကိုက်ကာ ထိုသို့မေးသောရှိုင်းမောင်မောင်ထံသို့ လှည့်ကြည့်လာသည်။
ထိုသို့အကြည့်ခံရသောရှိုင်းမောင်မောင်ခမျာ ခြေဖျားလက်ဖျားပင်အေးလာလေသည်။
"ဘာ...ဘာဖြစ်တာလဲ မအိမ့်”
ရှိုင်းမောင်မောင် ထိုသို့မေးလိုက်တော့မှ အိမ့်ကြေးမှုံမင်း၏အသိစိတ်သည် မဆိုင်သူကို အဲ့လိုမလုပ်သင့်မှန်းအသိတရားဝင်လာသဖြင့် အိမ့်ကြေးမှုံမင်းခေါင်းတချက်ပြန်ခါလိုက်ကာ
YOU ARE READING
အရက်သမ
General Fictionမိန်းကလေးအရက်သမဖြစ်တဲ့ကျွန်တော်နဲ့ ဂုဏ်ကြီးရှင်သူဌေးသမီးတစ်ဦးဖြစ်တဲ့သူမ တို့၏ဇာတ်လမ်း။ ဇီယာအေး ၊ အိမ့်ကြေးမှုံမင်း