ဒီလိုနဲ့ အိမ့်ကြေးမှုံမင်းလည်း စပါးအား စတင်၍ပြန်လည်ရိတ်လေသည်။ဒီတစ်ခါတော့ အိမ့်ကြေးမှုံမင်းလက်ဖြင့်စပါးပင်အားဆွဲနှုတ်မရဲတော့ပေ။တံစဥ်ပြတ်မှာကြောက်ပေမဲ့လည်း သတိထားကာ တံစဥ်ဖြင့်စပါးအားရိတ်ရလေသည်။တစ်ခါခါရိတ်ရင်အရမ်းကြာသည့်အိမ့်ကြေးမှုံမင်းကသူရိတ်လိုက်လို့ အလှဆုံးစပါးတဆုတ်ကိုရရင်ပျော်မဆုံးဖြစ်နေကာ အနီးအနားရှိသူများအားသူအလှဆုံးရိတ်ထားသည့်စပါးများအားလိုက်ကြွားတတ်သည်။
"တွေ့လား ငကောင်း ငါရိတ်တာဘယ်လောက်တော်သလဲ။ ကြည့်ကြည့် ငါရိတ်ထားတဲ့စပါး ငါ့လောက်နီးနီးလှတယ်နော်”
သူလှကြောင်းကိုလည်း ထည့်ပြောတတ်သည့်အိမ့်ကြေးမှုံမင်းအားကြည့်ကာ အံသြမင်သက်ခြင်းနှင့်ရယ်ခြင်းက လွှမ်းမိုးကုန်လေသည်။
"ထမင်းစားနားမယ်ဟေ့”
ထမင်းစားနားမည်ဟု ဒေါ်မေရင်၏အော်ပြောသောအသံက အိမ်ကြေးမှုံမင်း၏နားစည်အားရိုက်ခတ်လာစဥ် အိမ့်ကြေးမှုံမင်းခမျာပျော်လွန်းလို့ပြောပြမတတ်အောင်ပင်။အပြုံးများအပြည့်ဖြင့် လက်ထဲကိုင်ထားသောတံစဥ်အား စပါးပုံပေါ်ပစ်ချကာ အရိပ်ရသည့် အပင်အောက်သို့မဆိုင်းမတွ ချက်ချင်းဝင်ပြေးသွားလေသည်။
"မြန်မြန်လာကြ အားလုံးနှေးကန်နေလိုက်ကြတာ လိပ်ကအဖေတပ်ခေါ်ပြီး ခရုကအကိုခေါ်နေရမဲ့ဟာတွေချည်း။မြန်မြန်လာ ဗိုက်ထဲကုလားဘုရားလှည့်နေပြီ”
အပင်အောက်ရပ်နေသော အိမ့်ကြေးမှုံမင်းက လုပ်လက်စ,အလုပ်များမပြီးပြတ်ကြသေးသောသူများကနေပူထဲအလုပ်လုပ်နေသည်ကိုမြင်တော့အော်ပြောလေသည်။
"အော်...ဟုတ်ကဲ့ပါရှင်။ခွေးကများလူပြန်ဟောင်
လို့။ ဟုတ်ကဲ့ပါ။ဟုတ်ကဲ့ပါ။ကျွန်မတို့က အကြီးကြီးမှားပါတယ်...ရှင်ပဲမှန်တယ်။တိုင်ပဲသေးပန်းခံလိုက်တော့မယ် ခွေးပဲသေးပန်းလိုက်တော့”"ဟီးး...မယ်ကလည်း။လုပ်ပါ။လုပ်ပါ။အိမ့်နဲနဲစောင့်နိုင်ပါသေးတယ်”
"စောင့်ပေးလို့ ကျေးဇူးပါရှင်”
သားအမိနှစ်ယောက်တစ်ယောက်တခွန်းစကားပြောနေကြသည်ကိုကြည့်ကာ စပါးရိတ်နေ
ကြသည့်သူများလည်းရယ်နေကြလေသည်။
YOU ARE READING
အရက်သမ
General Fictionမိန်းကလေးအရက်သမဖြစ်တဲ့ကျွန်တော်နဲ့ ဂုဏ်ကြီးရှင်သူဌေးသမီးတစ်ဦးဖြစ်တဲ့သူမ တို့၏ဇာတ်လမ်း။ ဇီယာအေး ၊ အိမ့်ကြေးမှုံမင်း