ဇီယာရဲ့လှည်းပေါ်ကပါလာသူ မြို့သူအချောအလှ အိမ့်ကြေးမှုံမင်းအားလှည်းပေါ်ကဆင်းသည်အထိစောင့်ပြီးမှ ဇီယာလည်း လှည်းအားဖြုတ်ရန်အတွက်အရိပ်ရသည့်အပင်အောက်သို့မောင်းလာခဲ့သည်။
အိမ့်ကြေးမှုံမင်းလည်း အဝတ်အိတ်အားသယ်သွားကြပြီဖြစ်သည့်အတွက် အိမ့်တစ်ကိုယ်တည်းသာ လူများထိုင်နေသည့်အနားသို့လာခဲ့လေသည်။
အိမ့်၏မွေးသမိခင်ကျေးဇူးရှင်ဖြစ်သော အိမ့်၏အမေက အိမ့်အားသူ့အနားသို့လာထိုင်ရန်ပြုံးပြပြီးသူထိုင်နေသောအနားတွင်လာထိုင်ရန်လက်ပုတ်ပြတော့ အိမ့်ကြေးမှုံမင်းလည်း အမေအနားတွင်ဝင်ထိုင်လိုက်သည်။
"မယ်။နေကောင်းတယ်မလား...လွမ်းနေတာ"
ဆိုပြီးအမေအား အိမ့်တစ်ယောက်ချွဲနွှဲ့ကာဖက်လိုက်သည်။ ဘေးတွင်ထိုင်နေကြသည့် လူကြီးများကလည်းသားမိနှစ်ယောက်၏မြင်ကွင်းကိုမြင်တော့အားလုံးကပြုံးကာကြည့်နေကြသည်။
ထို့နောက်နှစ်ယောက်သားကိုယ်ချင်းခွာလိုက်ကြသည်။
"ကြည့်စမ်းပါဦး ဘယ်သူသမီးလေးမို့ အဲ့လောက်တောင်လှလာရတာတုန်း"
အိမ့်ကြေးမှုံမင်း၏အမေက အကဲပိုချစ်လွန်းစွာ အိမ့်ကြေးမှုံမင်း၏ပါးအားဆွဲကာပြောလေသည်။ထိုအခါအိမ့်ကြေးမှုံမင်းကလည်း တဟီးဟီးနဲ့ရယ်ပြလာလေသည်။
"အို.... အမရင်ရယ် တော့်သမီးလေးကချောလိုက်တာ နတ်သမီးလေးကျနေတာပဲ...အဟီးဟီး ကျွန်မသမီး ဇီယာအေးနဲ့များကွာပါ့...ကျွန်မသမီးကတော့ ယောကျာ်းလား၊မိန်းမလားလို့တောင်ပြောမတတ်တော့ဘူးလူတွေရယ်"
ထိုအခါ အကြီးရင်ကလည်း သွားများဖြဲကာရယ်ပြီး
" ဒါလည်းကောင်းပါတယ် နှစ်ဖက်ရတာပေါ့"
ထိုအခါအားလုံးကလည်းဝိုင်းရယ်ကြသည်။လှည်းအားနေရာတကျထားပြီးပြန်လာသည့် ဇီယာကလည်း
"ဘာတွေရယ်နေကြတာလဲ ကျွန်တော်ကိုနဲနဲပေးရယ်"
ဇီယာရဲ့အမေဒေါ်အေးပုံကလည်း
"နင့်အကြောင်းပြောနေတာလေ"
ဇီယာလည်း လွှတ်နေသည့် နေရာတနေရာတွင်ဝင်ထိုင်ပြီး ရေနွေးခွက်ထဲရေနွေးကြမ်းဖြည့်ကာရေနွေးကြမ်းအားမော့သောက်လိုက်သည်။
ESTÁS LEYENDO
အရက်သမ
Ficción Generalမိန်းကလေးအရက်သမဖြစ်တဲ့ကျွန်တော်နဲ့ ဂုဏ်ကြီးရှင်သူဌေးသမီးတစ်ဦးဖြစ်တဲ့သူမ တို့၏ဇာတ်လမ်း။ ဇီယာအေး ၊ အိမ့်ကြေးမှုံမင်း