တဆယ့်ခြောက်

1.3K 120 12
                                    

မနက်ခင်းထွက်လာသည့်နေမင်းကြီး၏ရောင်နီ
​သည်တဲပေါ်ရှိသူများအားလုံးအားအိပ်နေရာမှနိုးထစေသည်။လူတိုင်းဟာ မနက်နိုးထလာသည်နှင့် နေတဒူဝလုပ်ငန်းစင်များက အနောက်ကတန်းစီ၍လိုက်ပါလာကြလေသည်။

နေမင်းကြီး၏ရောင်နီက ကျေးငှက်သာရကာများအားအစာရှာထွက်ရန်နိုးထစေသည်။ ကျေးငှက်သာရက၏ သာယာသော အသံအပြင် တောကြက်ဖကြီး၏တွန်သံများကလည်း  ကွပ်ပျစ်ပေါ်အိပ်နေသော ဇီယာအေးအား အိပ်ယာမှနိုးထစေသည်။အိပ်ယာထဲမှနိုးထလာသည်နှင့်  ညကအဖြစ်အပျက်များက ဇီယာအေး၏ခေါင်းထဲသို့ အလုံးလိုက်အရင်းလိုက်ဝင်ရောက်လာပြီး ကွပ်ပျစ်ပေါ်တွင် မတ်မတ်ထထိုင်ရလောက်အောင်အထိ ညကအဖြစ်အပျက်သည် ဇီယာအေးအပေါ်တွင် စွမ်းအားကြီးပေသည်။

ညက အကြီးရင်သည်ဇီယာအေးအား အိမ့်ကြေးမှုံမင်းနှင့်တခန်းတည်း တအိပ်ယာထဲဝင်အိပ်ရန်ပြောကြားသွားသော်လည်း တကယ်တန်းတော့ ဇီယာအေးသည်အိမ့်ကြေးမှုံမင်းအနားတွင်ဝင်အိပ်မရဲပေ။အကြောင်းမှာ ညက ငအေးတို့ ချွန်းတွန်းလုပ်လိုက်၍အိမ့်ကြေးမှုံမင်းက သူ့အား စိတ်ဆိုးကာနေသည်ကို ပြေးမကြည့်ဘဲ တွေးကြည့်ရင်တောင်သိနိုင်သည်။

"ဟူး...”

ဇီယာအေး သက်ပြင်းအား တဝကြီး ချရင်း အိပ်ယာထလို့ ပြေကျနေသည့် ဆံပင်အား စိတ်ညစ်ညစ်ဖြင့်ဖွမိသည်။

"အော် ဇီယာအေး။ သမီး ဒီမှာအိပ်တာလား”

တဲပေါ်က ဆင်းလာသော အကြီးရင်က ကွပ်ပျစ်ပေါ်တွင် ထိုင်ရင်း ဆံပင်များအား စိတ်ရှုပ်ရှုပ်ဖြင့် ဖွနေသော ဇိီယာအေး အားမေးမိသည်။ဒေါ်မေရင် ဇီယာအေး၏ဘေးဘယ်ညာအား ကြည့်တော့ ငအေးနှင့်ငကောင်းတို့မှာ အိပ်နေလိုက်သည်မှာ ရှူးနေပေသည်။

"ဟုတ်ပါတယ်ဗျ။ ညကစကားပြောရင်းနဲ့ ညအတော်နက်သွားပြီး နောက်ကျသွားလို့ အခန်းထဲမှာလည်း အိမ့်က အိပ်နေပြီဆိုတော့ မနုိးချင်တော့လို့ အဲ့ဒါနဲ့ ဒီမှာပဲ ငအေးတိုနဲ့အတူအိပ်လိုက်တယ်ဗျ။ အကြီးရင်”

"အော်....။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ ဇီယာအေးရယ်။ညဥ်းက မိန်းကလေးလေ။ ဘယ်လိုပေါက်ယောကျာ်းလေးစိတ်ပေါက်ပြီး ယောကျာ်းလေးလိုပဲနေထိုင်နေထိုင် ယောကျာ်းလေးနဲ့တော့ အတူမအိပ်ပါနဲ့ကွယ်။ယောကျာ်းဆိုတဲ့ အမျိုးက လက်ထဲမှာ ဖွဲတဆုပ်စာ ကိုင်ထားနိုင်တဲ့အချိန်အထိတောင်မှ ယောကျာ်းတွေဟာ တဏှာမကုန်တဲ့အမျိုးပဲ ဇီယာအေးရဲ့။ အကြီးက သမီးနဲ့ သမီးသူငယ်ချင်းတွေကို အထင်သေးလို့ ပြောတာမဟုတ်ပါဘူးနော်။အကြီးတို့ရဲ့ခြံကိုက ခြံနီးခြင်းတွေကလည်း ဝင်နေထွက်နေတော့ အများမြင်ရင်မကောင်းဘူးလေနော်သမီး။ ဒါကြောင့်အကြီးရင်က အကြီးရင် သမီးလိုချစ်ရတဲ့ ဇီယာအေးကို သူများတွေ မပြောခင် အကြီးရင်က ကြိုပြောထားတာ စိတ်မဆိုးနဲ့နော် ။ နောက်တနေ့တော့ ဘာပဲ ဖြစ်ဖြစ်ပါ အိမ့်နဲ့အတူပဲ ဝင်အိပ်နော်”

အရက်သမWhere stories live. Discover now