နှစ်ဆယ့်ငါး

2.4K 127 20
                                    

ဇီယာအေးလည်း အိမ့်ကြေးမှုံမင်းလက်အား ဆွဲကာ ရွာဦးစေတီပေါ်သို့ တက်လာခဲ့သည်။ မျက်နှာကြီးကတော့ အရင်အိမ့်ကြေးမှုံမင်းမြင်နေကြ ချိုသာပြီးဖော်ရွှေတဲ့ မျက်နှာမျိုးတော့ ဟုတ်မနေပဲ ဆူပုတ်ကာ အရမ်းကိုဒေါသထွက်နေသည့် မျက်နှာမျိုးဖြစ်နေလေသည်။ ရွာဦးစေတီရဲ့ ဘုရား ရင်ပြင်ပေါ်သို့ ရောက်တော့ ဇီယာအေးသည်ဆွဲကိုင်ထားသော အိမ့်ကြေးမှုံမင်း၏ လက်အား လွတ်ချပေးလိုက်ပြီး အိမ့်ကြေးမှုံမင်းအား ကျောခိုင်းကာ ရပ်လိုက်သည်။ထို့နောက်ခဏက ဖြစ်ပျက်ခဲ့သည့်ကိစ္စအား အခဲမကျေစွာဖြင့် တောက်တခေါက်ခေါက်လုပ်နေမိသည်။

အနောက်တွင်ပါလာသည့် အိမ့်ကြေးမှုံမင်းလည်း အရှေ့ရှိရပ်နေသောဇီယာအေးအား ကြည့်ကာ စိုးထိတ်နေမိသဖြင့် လက်သည်းကလေးများအားဆ်ိတ်ကစားနေမိရင်းစကားဆိုလာသည်။

"ဟို.... အမ ။ အိမ့် ဘာမှ မသိဘူး... ”

ထိုသို့ပြောတော့ ဇီယာအေးကတောက်ခေါက်မပျက်ပဲ ထပ်တိုး၍ လက်သီးဖြင့် ဘုရားရင်ပြင်ပေါ်ရှိလက်ရံတန်းအားထိုးလိုက်ပြီးဒေါသစိတ်အားဖြေဖျောက်နေလေသည်။

ထိုအခါ အိမ့်ကြေးမှုံမင်းမှာ ပို၍စိတ်ညစ်လာရပြီး

"အမ အဲ့လိုမလုပ်ပါနဲ့..... အီး...အိမ့်လည်းသူ့ခေါ်ရာနောက်ကိုလိုက်နေတာလည်း မဟုတ်ပဲနဲ့... အီး.....အိမ့်ကိုလာစိတ်ဆိုးနေတယ်...အီး...အိမ့်ကအဲ့လိုလုပ်နေရင် ဘယ်လိုနေရမှာလဲ... အီး..အိမ့် ချစ်တာ အမတစ်ယောက်တည်းကိုလေ...ဒါတောင်မယုံဘူးလား...အီး အိမ့်လည်း မလိုက်ဘူးလို့ ငြင်းနေတာပဲကို.... အီး အခုက အိမ့်လိုက်နေလို့လား...အီး...အိမ့်စိတ်ညစ်လာပြီ...အီး..အိမ့်ကိုယ်တိုင်ကမှားတာ...အီး...တော်ပြီမနေတော့ဘူး...အိမ့်မြို့ကိုပြန်တော့မယ်...အီး...ဟီး....”

တအီးအီး တဟီးဟီးဖြင့် အိမ့်တစ်ယောက် မထင်မှတ်ထားစွာ ဇီယာအေးအနောက်ဘက်မှနေ၍ ကလေးတစ်ယောက်လိုငိုချလာလေသည်။ထိုအခါ ဇီယာအေးမှာ ထွက်နေသည့်ဒေါသကလေးများ ကြက်ပျောက်ငှက်ပျောက် ဘယ်ပျောက်သွားမှန်းမသိပဲ ကလေးတစ်ယောက်လို ထိုင်ကာ ငိုချနေသူဘက်သို့ လှည့်ကာ ကြည့်လာပြီး အံသြကာ အိမ့်ကြေးမှုံမင်းရှိရာသို့ အပြေးကလေးလာခဲ့လေသည်။

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: Jan 13 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

အရက်သမDove le storie prendono vita. Scoprilo ora