ဒီညအဖို့ ဇီယာအေးတစ်ယောက်သည် အိပ်စက်ခြင်းက သူနဲ့လားလားမှမဆိုင်သလို အိမ်ရှေ့ကွပ်ပျစ်ပေါ်တွင်ထိုင်ကာ ကောင်ကင်းပေါ်တစ်ကိုယ်တည်းလှပစွာ တောက်ပနေသည့် လမင်းကြီးအားမျော်ကြည့်နေလေသည်။ အတွေးများစွာက ယောက်ယက်ခပ်ကာ ဟိုဟိုဒီဒီကူးလူးနေလေသည်။
ညနေက ခြံထဲတွင် အိမ့်ကြေးမှုံမင်းအား သူရင်ဖွင့်လိုက်သည်ကို အိမ့်ကြေးမှုံမင်းက စဥ်းစားပေးမည်ဟုပြောကာ သူပေးသည့်ကြံပန်းအားယူ၍သူ့လက်အားရုန်းကာ ထွက်ပြေးသွားသည်ကို နောက်ကျောဘက်က ငေးကာကြည့်နေမိသည်။
ဒီအချိန်တုန်းက သူဘယ်လောက်ပျော်ခဲ့ရလဲ။
ပြန်စဥ်းစားတိုင်း ဒီအပျော်တွေက ရင်ထဲတနင့်တပို့ဝင်ရောက်လာလို့ တကိုယ်လုံးချိုမြိန်ကာပုရွက်ဆိတ်တက်သလိုပင် ဖြစ်နေပေသည်။
နှုတ်ခမ်းထက်ကအပြုံးနဲ့ နေ့လည်ကတည်းက ခုန်ပေါက်နေသည့်နှလုံးသားမှာသူစေစားရာသူ့အလိုအကျတောင် မလိုက်နာနိုင်တော့ပေ။
ကယ်ပါဦး အိမ့်ရေ။ နှလုံးသားက အိမ့်မှအိမ့်ဖြစ်နေပြီး။ နှလုံးခုန်သံကတောင် အိမ့်အိမ့်အိမ့်ဖြစ်နေလို့ ကူကြပါဦး။
ဇီယာအေးသည်သူကိုယ်တိုင်တောင်မသိတော့ပေ။
သူကိုယ်တိုင်က မိန်းကလေးဖြစ်နေပါသော်လည်း သူချစ်မိကာ စွဲလမ်းနေရသူမှာလည်းမိန်းကလေးဖြစ်နေသည်တဲ့လေ။
ဒါဟာ ကံကြမ္မာရဲ့အလိုအကျပင်။
သူစွဲလမ်းနေမိသည့်မိန်းကလေးအားမဝံ့မရဲစွာ ဇီယာအေး ဖွင့်ပြောမိတော့ မျော်လင့်မရဲဘူးလို့ဆိုပေမဲ့ တသက်မှာမှ တခါဖြစ်ပေါ်ဖူးတဲ့သူ့အချစ်က သူမနဲ့မှဖြစ်ပေါ်သွားတာမို့ သူမနဲ့သာ အဆုံးသတ်ချင်သည်။ ဒါကြောင့် သူမအားဖွင့်ပြောတော့ သူမ ငြင်းလိုက်မှာလည်း စိုးထိတ်သည်။
မျော်လင့်ထားပေမဲ့ ထင်မှတ်မထားစွာ သူချစ်ရသည့်အိမ့်ကြေးမှုံမင်းက သူ့အားစဥ်းစားပေးမယ်တဲ့။
သေပျော်ပါပြီ။
"ဟေ့.... မိအေး...”
"အမလေးဘုရားအိမ့်ကငါ့မယားဟ!!!!”
YOU ARE READING
အရက်သမ
General Fictionမိန်းကလေးအရက်သမဖြစ်တဲ့ကျွန်တော်နဲ့ ဂုဏ်ကြီးရှင်သူဌေးသမီးတစ်ဦးဖြစ်တဲ့သူမ တို့၏ဇာတ်လမ်း။ ဇီယာအေး ၊ အိမ့်ကြေးမှုံမင်း