အပိုင်း လေး

1.5K 133 0
                                    

အိမ့်ကြေးမှုံမင်း ညနေကအဖြစ်အပျက်အား တွေးရင်းတွေးရင်းဖြင့် အိမ်နောက်ဖေးတွင်ထမင်းချက်ရင်း ရယ်နေမိသည်။
ဒေါ်မေရင်က ယာထဲမှ ဝါးခမောက်ကြီးဆောင်းကာ အိမ်ရှိရာသို့ပြန်လာခဲ့တော့ သမီးဖြစ်သူအားမတွေ့သဖြင့် အိမ်နောက်ဖေးသို့ ဝင်လာခဲ့သည်။

သမီးဖြစ်သူထမင်းချက်နေရင်းဖြင့်ဘာကိုတွေးပြီးရယ်​နေသည်မသိပါ နောက်ကျောလေးများတောင်တုန်နေသည်။

"ဟဲ့ သမီး”

"အာမလေး ပုလုတ်တုတ်တုတ်”

ဆိုကာအလန့်တကြားဖြင့်ထူးလာပြီးအနောက်သို့လှည့်လာသည်။

"ဘာတွေကိုအာရုံရောက်နေလို့ ငါလာတာတောင်မသိရတာလဲ”

"ဟဲဟဲ”

"ငါမပြောချင်ဘူးနော် ”

ဒေါ်မေရင် ကဝါးခမောက်အားချွတ်ကာ တိုင်တစ်ခုတွင်ချိတ်လိုက်သည်။

"မပြောနဲ့ မယ်ရေ။ သမီးလည်းတအားရယ်ချင်နေလို့”

"ဘာတွေအဲ့လောက်ရယ်နေရတာလဲ”

"ဟိုဘက်အိမ်ကလေ။... မနက်ကသမီးကို လာကြိုတဲ့သူ သိတယ်မလား”

"အေး သိတယ်လေ ဇီယာအေး”

"အင်းအင်း။အဲ့ဒါ...အဲ့ဒါ။ဟား....ဟား... ခဏက သူ့အမေ လိုက်ရိုက်လို့ ပြေးတာ အပုပဲ မယ်ရေ....ဟား...ဟား”

"အဲ့ဒါ ဘယ်နားက ရယ်စရာကောင်းနေလို့လည်း။ စာရေးလို့မရတာတွေ လုပ်စရာရှိတာသာလုပ်”

ဆိုကာ ဒေါ်မေရင်တစ်ယောက်ပြောဆိုကာ အိမ်ရှေ့သို့ပြန်ထွက်သွားသည်။ မီးဖိုချောင်ထဲတွင်ကျန်ခဲ့သည့် အိမ့်ကြေးမှုံမင်းသာ ပါးစပ်ဟောင်းပြီး ကြောင်ကာနေလေသည်။

"အယ်.... ရယ်စရာမကောင်းဘူးလား။ တို့မယ်မှ မမြင်ရပဲ တို့မယ်မြင်ရင်ရယ်တာ ငါ့ထက်ဆိုးမှာကိုကျိမ်းသေပေါက်ပြောရဲတယ်”

ထို့နောက် အိမ့်ကြေးမှုံမင်းလည်း ကိုယ့်အလုပ်ကိုသာပြန်လည်လုပ်တော့သည်။ပါးစပ်မှလည်း ပွစိပွစိပြောလျက်။

............

မနက်ခင်းအလင်းရောင်ခြည်က ကွယ်နေသည့်တိမ်ကြားမှတိုးကာ ထွက်လာသည်။

အရက်သမOù les histoires vivent. Découvrez maintenant