စပါးရိတ်တာဆယ်ရက်ပြည့်သည့်ရက်ဖြစ်သည်။
တောင်သုံးတောင်လုံးရှိ စိုက်ထားသောတောင်ယာစပါးများသည်လည်းကုန်တော့မည်ဖြစ်လေသည်။
"နေ့လည် နဲနဲထပ်ရိတ်ပြီးရင် တောင်သုံးတောင်လုံးရဲ့စပါးတွေကုန်ပြီ...."
"ဟုတ်တယ် ငအေး။ နေ့လည်တနပ်တော့အားပြီ....အဟွင်းဟွင်းး....ဒါကြောင့် မင်းရွာထဲဝင်ပြီး ကိုထင်ရဲ့ဆိုင်မှာ ထန်းရည်သွားဆွဲလာကွာ ။ဖားကင်ပါယူလာခဲ့"
လို့ဆိုတော့ ထိုစကားအားကြားမိသည့်အိမ့်ကြေးမှုံမင်း ကဝင်ပြောလေသည်။
"အော် တချို့လူတွေများ အလုပ်တောင်လက်စ,မပြတ်သေးဘူး သောက်မလို့စားမလို့ကအရင်တဲ့။ အိုကေပါ"
ဒါကိုကြားသည့် ဇီယာအေးလည်း စပါးရိတ်နေရာမှ ခါးဆန့်ကာ အိမ့်ကြေးမှုံမင်းစပါးရိတ်နေသည့်နေရာသို့ လှည့်ကြည့်၍ဆိုလေသည်။
"ဟက်....ကြားဖူးလားတော့ မသိဘူး..။ စကားပုံရှိတယ်လေဗျာ။ဘာတဲ့။ သောက်သောက်စားစား လူ့မင်းသား၊ မသောက်မစား လူ့ငနွားတဲ့...ဟက်.."
"ဟားဟားဟား"
"ဟား....ဟား...ဟား"
ဇီယာအေး၏စကားဆုံးတော့ အရက်သမားများဖြစ်ကြသောလူများက ဝိုင်းကာဟားခနဲရယ်ကြလေသည်။
အိမ့်ကြေးမှုံမင်းလည်းထိုစကားကြားတော့ ဇီယာအေးထံချက်ချင်းလှည့် ကြည့်လိုက်ပြီးအော်ပြောလိုက်သည်။
"အရက်သမားမှန်ရင်စကားပုံတစ်ခုခုကို လက်ကိုင်စွဲကျင့်သုံးကြတာအမှန်ပဲ"
"ဟား....ဟား...ဟား...မအိမ့်က အရက်သမားတွေရဲ့လက်စွဲ ဆောင်ပုဒ်တွေကိုသိလို့လား..."
ငကောင်းက ဝင်ပြောလေသည်။
"ငါက အရက်သမားမဟုတ်တော့ မသိဘူးကွယ်"
"ဟုတ်လို့လား...မှန်မှန်လိမ်နော် ။ မအိမ့်"
ငအေးလည်း ဝင်ပြောလေသည်။
"မှန်မှန်လိမ်နေတာပဲကို "
အိမ့်ကပြောတော့ အားလုံးလည်း ဝိုင်းရယ်ကြသည်။
"ဟား...ဟား...ဟား...မှန်မှန်လိမ်တယ်တဲ့"
"အေးလေ မှန်မှန်လိမ်ပြီးပြောနေတာကို"
ESTÁS LEYENDO
အရက်သမ
Ficción Generalမိန်းကလေးအရက်သမဖြစ်တဲ့ကျွန်တော်နဲ့ ဂုဏ်ကြီးရှင်သူဌေးသမီးတစ်ဦးဖြစ်တဲ့သူမ တို့၏ဇာတ်လမ်း။ ဇီယာအေး ၊ အိမ့်ကြေးမှုံမင်း