ဇီယာအေးတို့တသိုက် သရက်ချောင်းရွာမှ ထွက်လာခဲ့ကြသည်။ဇီယာအေးကတော့ လက်ထဲတွင် စီးကရက်တစ်ဘူးအားကိုင်ကာ တကမ္ဘာလုံးတွင်အပျော်ဆုံးလူသားကို ပြပါဆိုလျှင် ဇ်ိီယာအေးအားပြရမည်ပင်ကဲ့သို့ပင် မျက်နှာပေါ်တွင် ပြုံးပျော်ရွှင်မှုများကအတိုင်းသားပင် ပေါ်နေလေသည်။
"ဟျောင့် ငအေး ငါရည်စားရတော့မယ်ထင်တယ်ကွ ။ ညာဘက်မျက်လုံးက ခပ်လှုပ်လှုပ်ကွ "
ထိုအခါငအေးကလည်း မိန့်မိန့်ကြီးပြုံးကာ
"အေးကွ ငအေးရ။မင်းတော့ ကောင်မလေးရတော့မယ်ထင်တယ်ကွ ။ ငါ အမြင်တွေရနေသလိုပဲ ။ ငါတော့ အားကျလိုက်တာ မိအေးရာ....ဟင်း...ဟင်း။"
ထိုအခါ ဇီယာအေးကလည်း သူဘာသာသူဂုဏ်ဆာသည့်အပြုံးကြိီးပြုံးကာ ငအေးအားလှည့်ကြည့်လာသည်။
"အားကျရင် လှုပ်ရှားလေကွာ ငအေးရာ"
"လှုပ်ရှားရအောင်က ငါ့မှာမင်းလိုကြိုက်ရမဲ့သူလည်း မရှိဘူးကွာ။ ငါ့ကိုကြိုက်တဲ့သူလည်းမရှိတော့ ဘယ်လိုလှုပ်ရှားရမှာလဲကွ"
ငအေး၏စကားဆုံးတော့ဇီယာအေးလည်း ငအေး၏ပုခုံးမမှီတမှီလှမ်းဖက်ကာ
"ဟာ...မင်းအဲ့လိုစိတ်ဓာတ်ကျစရာစကားတွေ သိပ်မပြောပါနဲ့ကွ....မင်းမှာလည်း မင်းကိုကြိုက်နေတဲ့သူရှိရဲ့သားနဲ့ကွာ"
ထိုအခါ ငအေးက ဇီယာအေးအားနားမလည်စွာ လှည့်ကြည့်လာသည်။
"ဟမ် မင်းဟာက ဘယ်သူတုန်းကွ။ ဟုတ်မှလည်း လုပ်ပါ ဟျောင့်ရာ"
ဇီယာအေးလည်း ငအေးပုခုံးပေါ်တင်ထားသောလက်အားဖြုတ်ချပြီးနောက်စကားပြန်ဆိုလေသည်။
"ရှိတယ်လေကွာ...ဟိုကွာ....ငါတို့သရက်ပင်ရွာကမင်းကိုကြိုက်နေတဲ့ တစ်ခုလပ်အပျိုကြီး မဇာခြည်ရှိတယ်လေကွာ..."
ဇီယာအေး၏စကားဆုံးတော့ သူတို့တစ်စုလုံးဇီယာအေး၏စကားအားသဘောကျစွာ ဟားလာကြသည်။
ငအေးမှာတော့ဇီယာအေးဘက်အား မျက်မှောင်ကြုတ်ကာကြည့်လာပြီး
"မင်း....ဇီယာအေး ။ ငါက မင်းကျေးဇူးရှင်နော် ။ကျေးဇူးရှင်ကိုမစော်ကားနဲ့ ။ ငါဒီစီးကရက်ဘူးကိုပြန်သိမ်းလိုက်ရင် မင်းဘဝ ဘာဖြစ်သွားမယ်လို့ ထင်လဲ "
YOU ARE READING
အရက်သမ
General Fictionမိန်းကလေးအရက်သမဖြစ်တဲ့ကျွန်တော်နဲ့ ဂုဏ်ကြီးရှင်သူဌေးသမီးတစ်ဦးဖြစ်တဲ့သူမ တို့၏ဇာတ်လမ်း။ ဇီယာအေး ၊ အိမ့်ကြေးမှုံမင်း