ဒေါ်မေရင်စောစောထကာ အာရုဏ်ဆွမ်းလောင်းမီရန်နှင့်စပါးနတ်ကန်တော့ပွဲအတွက်ပြင်ဆင်စရာတွေများနေသဖြင့် စောစောထကာ ချက်ပြုတ်နေလေသည်။
အလွန့်လွန်အားကိုးရသည့်သူမ၏အမျိုးကောင်းသမီးလေး
ကတော့ အိပ်ယာထဲကယခုထက်ထိမထသေးပါ။သွားနိုးပါလားလို့ ပြောရင်လည်း သူမ မနိုးရက်ပေ။ စပါးရိတ်တဲ့အလုပ်ကိုခိုင်းတာပင်လွန်နေပြီဖြစ်သည်။ ဒါကြောင့် ဒေါ်မေရင်သမီးဖြစ်သူအားနိုးမနေပဲ တစ်ယောက်တည်းသာလုပ်သည်။"အကြီးရင်....အကြီးရင်”
မနက်လူသူမကွဲပြားသေးသည့်အချိန်မို့ အော်ခေါ်ကာ အိမ်ထဲသို့ဝင်လာသည့်သူ၏အသံမှာလည်း တိုးတိုး တိုးတိုးနဲ့အော်ကာဝင်လာသည်။
ဒေါ်မေရင်လည်း အိမ်နောက်ဖေးကနေပြီး အသံပေးလိုက်သည်။
"ငါဒီမှာဟေ့”
ကြားရုံလေးသာအသံပေးလိုက်သည်ဖြစ်ပေမဲ့ တိတ်ဆိတ်နေသည့်ပတ်ဝန်းကျင်မို့ အပြင်ကအော်ခေါ်နေသူမှာလည်း အတိုင်းသာ ကြားနေသည်။
အသံပေးလိုက်သည့်အနားသို့ အိမ်နောက်ဖေးကနေပဲ ဇီယာဝင်လာခဲ့လိုက်သည်။ အိမ်နောက်ဖေးတွင်တော့ အကြီးရင်တစ်ယောက်တည်း မိီးဖိုခန်းနဲ့နပန်းလုံးနေလေသည်။
ဇီယာအေးလည်း အသံမကျယ်တကျယ်လေးဖြင့်
"အကြီးရင် ကျွန်တော်ဝင်လာပြီနော်”
ထိုသို့ပြောတော့ မီးဖိုခန်းတွင်အလုပ်ရှုပ်နေသည့် အကြီးရင်က ဇီယာအေးဘက်သို့လှည့်လာပြီး
"အေး လာလေ”
ထို့နောက်ဇီယာအေးလည်း ဝင်လာပြီးအကြီးရင်အနားရပ်ကာ
"ကျွန်တော်ဘာလုပ်ပေးရဦးမလဲ”
"အေး ကောက်ညှင်းပေါင်းဖို့ မီးမွှေးပေးစမ်းပါအေ”
"အင်း...”
ထို့နောက် ဇီယာလည်းမီးဖိုအနားသွားကာ မီးမွှေးပေးလိုက်သည်။
မကြာပါ ထင်းဖြင့်ထည့်ရသောမီးဖြစ်သဖြင့် မီးကတောက်လာသည်။
"အကြ်ိီးရင် မီးတောက်ပြီ ။ ကျွန်တော် ကောက်ညှင်းပေါင်းလိုက်မယ်”
YOU ARE READING
အရက်သမ
General Fictionမိန်းကလေးအရက်သမဖြစ်တဲ့ကျွန်တော်နဲ့ ဂုဏ်ကြီးရှင်သူဌေးသမီးတစ်ဦးဖြစ်တဲ့သူမ တို့၏ဇာတ်လမ်း။ ဇီယာအေး ၊ အိမ့်ကြေးမှုံမင်း