ဒေါ်မေရင်တို့တတွေလည်း ခြံထဲတွင်စပါးရိပ်မည့်သူများအားလုံးခေါ်ကာ ခြံထဲသို့ဝင်လာခဲ့လိုက်သည်။ခြံထဲတွင်စပါးရိတ်မည့်သူများမှာ ဇီယာအေးတို့ငါးယောက်တစ်အုပ်စုအပြင်ရှိုင်းမောင်မောင်တို့ငါးယောက်တစ်အုပ်စု ဒီအုပ်စုနှစ်စုကြားထဲ အိမ့်ကြေးမှုံမင်းသာ သူ့အမေနောက်သို့ငုံးငုံးကြီးသာလိုက်ပါလာရသည်။
မလိုက်ချင်ပါဘူးဆို ။ အတင်း ဇွတ်။
ဇီယာအေးတို့နှင့် ရှိုင်းမောင်မောင်တို့အုပ်စုတို့ သည်လည်း သယ်စရာ၊ယူစရာရှိသည်များကို ယူပြီးခြံထဲသို့ဝင်လာကြပြိီး ဒေါ်မေရင်ပါ စပါးရိတ်ရန်လိုအပ်သည့်ပစ္စည်းများပါသယ်ယူကာလာကြပေမယ့် မည်သည့်ပစ္စည်းမှလည်း မယူ ၊ မသယ် တစ်ကိုယ်တည်းသာ လာသူမှာ အနောက်တွင်ကျန်ခဲ့လေသည်။
စကားများပြောကာ လမ်းလျှောက်နေရင်းဖြင့် ဇီယာအေးလည်း အနောက်သို့ လှည့်ကြည့်မိရာ စိတ်မပါလက်မပါ လိုက်ပါလာသူအိမ့်ကြေးမှုံမင်းအားတွေ့တော့ ခေါင်းခါကာ ပြုံးမိသည်။
"အကြီးရင် ၊ အကြီးရင် သမီးလည်း ကြည့်ဦး”
ဆိုကာ အနောက်သို့ခေါင်းဆန့်ပြကာ ကြည့်ခိုင်းတော့ ဒေါ်မေရင်လည်း ကြည့်မိသည်။
တယ်ငါနော်။
"ဟဲ့ အိမ့်ကြေးမှုံမင်း၊ နင်ဒီတသက် လိပ်လိုသွားပုံနည်းနဲ့တော့ ခြံထဲရောက်ပါဦးမလား...နေမထွက်လာခင်မြန်မြန်လာစမ်း ။ မဟုတ်ရင် နေပူလာလိမ့်မယ်”
"မယ်။တို့ဘာသာ သွား... အိမ့်ပါသာ ဖြည်းဖြည်းလေးလာလိုက်မယ်”
ထိုအခါ ဒေါ်မေရင်က
"အမယ်...ကြီးကြီးကျယ်ကျယ် နင်က ခြံကိုသိလို့လား ။ ပြီးတော့ ခြံလမ်းက ဘယ်မှာလည်း နင်မှတ်ရောမိလို့လား ပြီးတော့ နင့်ကိုတစ်ယောက်တည်းထားခဲ့လို့ မြွေလာကိုက်ရင် ငါ့တိုအပြစ်မဟုတ်ဘူးနော်”
ဒေါ်မေရင်သိသည်။ အိမ့်ကြေးမှုံမင်းသည် မြွေကိုအလွန်ကြောက်သောသူဖြစ်သည်။ဒါကြောင့် သူမကြောက်သောမြွေဆိုသည့် သတ္တဝါနဲ့ခြောက်ခြင်းဖြစ်သည်။
YOU ARE READING
အရက်သမ
General Fictionမိန်းကလေးအရက်သမဖြစ်တဲ့ကျွန်တော်နဲ့ ဂုဏ်ကြီးရှင်သူဌေးသမီးတစ်ဦးဖြစ်တဲ့သူမ တို့၏ဇာတ်လမ်း။ ဇီယာအေး ၊ အိမ့်ကြေးမှုံမင်း