နှစ်ဆယ့်နှစ်

1.5K 151 12
                                    

ညလေအေးအေးက ကွပ်ပျစ်ပေါ်တွင်ထိုင်နေသူနှစ်ယောက်၏မျက်နှာအားနူးညံ့စွာတိုက်ခတ်လာလေသည်။လေအတိုက်ခံရသော သူနှစ်ယောက်၏မျက်နှာပေါ်တွင်ကိုယ်စီအပြုံးပန်းများကပွင့်လန်းနေကြလေသည်။

ဇီယာအေးနဲ့အိမ့်ကြေးမှုံမင်းသည် အိမ့်ကြေးမှုံမင်းတို့၏ခြံဝန်းထဲရှိကွပ်ပျစ်ပေါ်တွင်နှစ်ယောက်အတူယှဉ်တွဲကာထိုင်နေကြလေသည်။ဒေါ်မေရင်ကတော့အခုချိန်ဆိုလျှင်အိပ်နေကြပြီဖြစ်သည်။

အိမ့်ကြေးမှုံမင်းလည်း အိပ်တော့မည်ဖြစ်ပေမဲ့ သူမှာ အတင်းရော အဓမ္မပါအပြင်သို့ခေါ်ထုတ်ပြီး မျက်နှာလေးကိုမြင်ချင်သည့်အတွက်ခေါ်ထုတ်လိုက်ရခြင်းဖြစ်သည်။

"ပြောလေ ။ ဘာပြောချင်လို့လဲ ။ အိပ်တော့မဲ့ လူရဲ့ခေါင်းရင်းမှာလာခေါက်ပြီးခေါ်ထုတ်တာ

ကွပ်ပျစ်ပေါ်ထိုင်ကာ နှုတ်ခမ်းလေးတထော်ထော်ပြောနေသော အိမ့်ကြေးမှုံမင်းအားကြည့်ကာ ဇီယာအေး အသည်းယားလွန်း၍ အိမ့်ကြေးမှုံမင်း၏မျက်နှာအားလက်နှစ်ဖက်ဖြင့်ဘောင်ခတ်လိုက်ပြီး

"ဟော်ဒီက အသည်းနှလုံးလေးရဲ့ မျက်နှာလေးကိုတွေ့ချင်လွန်းလို့ပေါ့လို့

ဘောင်ခတ် ခံထားရသော မျက်နှာလေးအား ဖျစ်ညစ်ကာ ဆိုလိုက်တော့ အိမ့်ကြေးမှုံမင်းနာသွားကာ

"အာ့....နာတယ်လို့

ထိုသို့ပြောတော့ ဇီယာအေးလွှတ်ပေးလိုက်ပြီး ရယ်ကျဲကျဲဖြင့်

"အာ....နာသွားတာလား။ဘွာတေးဘွာတေး...ချစ်လွန်းလို့ပါ

အိမ့်ကြေးမှုံမင်းက နှုတ်ခမ်းစူကာ

"ချစ်တာကလည်း ကြောက်လာပြီ။မချစ်ချင်တော့ဘူး

အိမ့်ကအကဲစမ်းသလိုပြောလိုက်တော့ ဇီယာအေးခမျာ ပျော်ရွှင်နေရာမှ ချက်ချင်းလန့်သွားပြီး

"မရဘူးနော်။အိမ့်အဲ့လိုမရဘူး ပြောပြီးစလစ်နံပါတ်တစ်လိုပဲ ချစ်ပြီးမှတော့မပြတ်ကြေးပဲ။ ကျွန်တော်က အိမ့်ကိုအရမ်းချစ်တာဗျ။ချစ်လွန်းလို့ အသည်းယားသွားတာဗျ။ အိမ့်ကရော ဘာလို့အရမ်းချစ်ဖို့ကောင်းရတာလဲ

အရက်သမWhere stories live. Discover now