တဆယ့်ရှစ်

1.3K 133 10
                                    

အိမ့်ကြေးမှုံမင်းတို့ အားလုံးထမင်းစားဖို့ ကွပ်ပျစ်ပေါ်တွင်ထမင်းဝိုင်းများပြင်နေစဥ် ငအေး၊ ငကောင်းနဲ့ ဇီယာအေးတို့သုံးယောက်သားထွက်သွားသည်ကို ထမင်းဝိုင်းပြင်နေသည့် အိမ့်ကြေးမှုံမင်းမြင်လိုက်လေသည်။

အိမ့်ကြေးမှုံမင်း၏ စိတ်ထဲတွင်လည်းထွက်သွားသော ဇီယာအေးတို့သုံးယောက်သားအားကြည့်ကာတွေးနေမိသည်။

ထမင်းဝိုင်းပြင်နေတာတောင်ရအောင်ထွက်သွားတယ်။ပြီးရင်တော့ နောက်ကျပြီး ဆားငံသွားဦးမယ်။မြင်ယောင်ပါသေးတယ်။

ထို့နောက်အိမ့်ကြေးမှုံမင်းလည်း ဇီယာအေးတို့တတွေအားမကြည့်တော့ပဲ ပြင်ဆင်လက်စ ထမင်းဝိုင်းကိုသာပြင်ဆင်နေလေတော့သည်။

.......

တဲပေါ်ရှိအားလုံးကထမင်းစားပြီးကြတော့ အားလုံးက တခဏသာ မေးစက်သူကမေး။အလာပ၊ သလာပ ပြောသူကပြောနှင့် ရှိနေကြလေစဥ် တောထဲတနေရာမှ ငအေးနဲ့ငကောင်းနှစ်ယောက်သားစကားတပြောပြောဖြင့် တဲရှိရာသို့ လမ်းလျှောက်လာခဲ့ကြသည်။

လမ်းလျှောက်လာနေသူများထံသို့တဲပေါ်ရှိ စကားပြောနေကြသော သူများက  လှည့်ကြည်လာကြသည်။ထိုလှည့်ကြည့်လာသောသူများထဲတွင် အိမ့်ကြေးမှုံမင်းလည်း ပါဝင်ပါသည်။အိမ့်ကြေးမှုံမင်းတဲရှိရာဆီလျှောက်လာသောသူများထဲဇီယာအေးမပါသဖြင့် မျက်မှောင်ကြုတ်ကာ စိတ်တိုင်းမကျစွာကြည့်မိသည်။

သို့ပေမဲ့ နှုတ်ကတော့မည်သည်တို့မှဖွင့်ဟမပြောပေ။

လမ်းလျှောက်လာပြီး ကွပ်ပျစ်အနီးရောက်ရှိလာသော သူနှစ်ယောက်အားဒေါ်မေရင်မေးလေသည်။

"ဟဲ့ ဇီယာအေးတစ်ယောက်ကရော”

ထိုအခါဒေါ်မေရင်အနားတွင်ရပ်နေသည့် ငအေးကဖြေလေသည်။

"ရောက်ပြီဟုတ်လား”

ဟုပြောလည်းပြော တဲပေါ်ကအခြေနေကိုလည်း အကဲခတ်လေသည်။

"ကျွန်တော်လည်း မသ်ိဘူးလေ။သူအရင်ဆင်းထွက်သွားတာပဲကျွန်တော်တို့တောင် သူ့မစောင့်လို့စိတ်ဆိုးပြီး သူ့ကိုငေါမလို့အခုလာတာ ။ ဒီကောင်ဘယ်မလဲ အခုမရှိဘူးလား”

အရက်သမWhere stories live. Discover now