ခြံထဲသို့ဝင်လာသူအားလုံးက ခြံထဲသို့ရောက်ပြီးနောက်စပါးနတ်ကန်တော့ဖို့အတွက်အားလုံးပြင်ဆင်ကြပြီး စပါးနတ်ကန်တော့မည်သူများက တောင်ပေါ်သို့တက်လိုက်သွားပြီး ကျန်ခဲ့သူမှာတော့ ပြေးကြည့်စရာတောင်မလိုတွေးကြည့်ရင်တောင်သိနိုင်မည့် အိမ့်ကြေးမှုံမင်းက ကျန်ခဲ့လေသည်။
အိမ့်ကြေးမှုံမင်းအပြင် စပါးနတ်ကန်တော့ရင်အမြဲကျန်ခဲ့တတ်ပြီးထုံးစံလိုဖြစ်နေသည့် ရှိုင်းမောင်မောင်တို့သူငယ်ချင်းများလည်းကျန်ခဲ့လေသည်။ ဒါ့အပြင်စပါးနတ်ကန်တော့ရင် အရက်သောက်ရသည်ဆိုကာ အမြဲလိုက်ပါတတ်သည့် ဇီယာအေးကယခုအခါမှာတော့ ကျန်ခဲ့ကာ ငအေးတို့ကတော့ တောင်ပေါ်သို့တက်လိုက်သွားပြီဖြစ်သည်။
ဇီယာအေးအားငအေးတို့တစုက ဘာလို့မလိုက်လဲဟုမေးတော့
"ဒီမှာ မိန်းကလေး တစ်ယောက်တည်းကျန်ခဲ့မှာဆိုးလို့”တဲ့လေ။
ထိုသို့ပြောတော့အိမ့်ကြေးမှုံမင်းတွေးမိသည်။
သူကမိန်းကလေးမဟုတ်ဘူးဆိုတော့။သေချာနေပါပြီ။သူ မောင်မောင်ကိုကြိတ်ကြိုက်နေတာပဲဖြစ်မယ်။
ဟုအိမ့်ကြေးမှုံမင်းတွေးနေသည်။သို့ပေမဲ့ စကားရှည်မှာဆိုးသဖြင့် ဘာမှတော့ဆက်မပြောချေ။ဇီယာအေးနဲ့ ရှိုင်းမောင်မောင်တို့နှစ်ယောက်သားအား အိမ့်ကြေးမှုံမင်းတဲပေါ်ထိုင်ရင်းအကဲခတ်နေသည်။
ဇီယာအေးကတော့ အပင်အောက်တွင်ထိုင်ရင်း ဝါးခြမ်းများအားဓားဖြင့်ချွန်နေသည်။ရှိုင်းမောင်မောင်ကတော့ တဲရှေ့ကွပ်ပျစ်ပေါ်တွင်ထိုင်ကာ ပဲကြီးစေ့များအား ရေနွေးဖြင့်မျောချရင်းသူတို့သူငယ်ချင်းတစ်ခု ဘာအကြောင်းများပြောနေကြသည်မသိပါ။ဝိုင်းကြီးက စည်ကားနေလေသည်။
တဲပေါ်ထိုင်နေသည့် အိမ့်ကြေးမှုံမင်းသာ မျက်လုံးဗျာများနေလေသည်။အပင်အောက်ထိုင်နေသည့် ဇီယာအေးကိုတလှည့် ကွပ်ပျစ်ပေါ်ထိုင်ကာ စကားပြောနေသည့် ရှိုင်းမောင်မောင်အားတလှည့်ကြည့်နေလေသည်။အိမ့်ကြေးမှုံမင်းကသာ သူတို့နှစ်ယောက်အား တယောက်တလှည့်ကြည့်နေပါသော်လည်း သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် မျက်စောင်းလေးမပြောနဲ့ အီးနဲ့တောင်လှည့်မပန်းသည်အထိ အဖက်မလုပ်ကြချေ။
YOU ARE READING
အရက်သမ
General Fictionမိန်းကလေးအရက်သမဖြစ်တဲ့ကျွန်တော်နဲ့ ဂုဏ်ကြီးရှင်သူဌေးသမီးတစ်ဦးဖြစ်တဲ့သူမ တို့၏ဇာတ်လမ်း။ ဇီယာအေး ၊ အိမ့်ကြေးမှုံမင်း