အပိုင်းတစ်ဆယ့်တစ်

1.4K 105 2
                                    

ဒီလိုနဲ့ အိမ့်ကြေးမှုံမင်းတို့တတွေလည်းစပါးရိတ်တာ ငါးရက်ပြည့်သည့်ရက်ဖြစ်သည်။အိမ့်ကြေးမှုံမင်းသည်လည်း တောသူတောင်သားတွေလို စပါးရိတ်တာ အများကြီးမကျွမ်းကျင်သော်လည်း သူဟာနဲ့သူတော့ လည်လည်ဝယ်ဝယ်ရိတ်တတ်လာပြီဖြစ်သည်။

"ပင်ပန်းနေပြီလား မ။”

"အင်း....ပင်းပန်းတယ်။နေလည်းပူတယ်။အခုတောင်အသားတွေ ညိုပြာညက်ကုန်ပြီ....။ ဟိုရောက်ရင်တော့ သူငယ်ချင်းတွေရယ်စားကုန်တော့မယ်။အဲ့လိုပြောပြီးတော့လေ”

"ဘယ်လိုပြောတာလဲ မ။”

"ဘယ်လိုဖြစ်တာလဲ မိအိမ့်ရယ်။သူဌေးသမီးက ရွာပြန်ပြီး မီးသွေးဖုတ်လာတာလား ဆိုပြီးလေ”

"ဟား...ဟား... မ ,ကတော့ပြောတော့မယ်”

"ဟွန်း....တကယ်ပြောတာပါဆို။ငါ့လိုသမီးကိုမြို့ပေါ်တက်ရှာကြည့်ပါလားတစ်ယောက်မှတောင်တွေ့မှာမဟုတ်ဘူးဆိုတာအာမခံတယ်။....ကျွတ်...ကျွတ်...မိဘကိုလုပ်ကျွေးနေတဲ့သမီးလေးအရမ်းတော်တယ်။အရမ်းတော်တယ် မိန်းမချောလေးမိအိမ့်ရယ်”

ဆို၍ပြောကာ အိမ့်ကြေးမှုံမင်းက သူ့လက်ဖြင့်သူ့ဘာသာသူ သူ့ခေါင်းပေါ်ရှိသူ့ဆံပင်အားပွတ်သပ်ကာ ထိုစကားအားဆိုလေသည်။

ထိုအပြုမှုအား စပါးရိတ်တာမောပန်းသဖြင့်တောင်မို့တစ်ခုပေါ်ထိုင်ကာအမောဖြေနေသည့် ဇီယာအေးကမြင်တော့ တပြုံးပြုံးဖြင့်ပြုံးဖြီးနေသည်မှာ လယ်ယာထဲကနွားများနှင့်ပင်အလားသဏ္ဍန်တူနေပေသည်။

ချစ်စရာကောင်းလိုက်တာ ။

မောင်မောင်သည်လည်း အိမ့်ကြေးမှုံမင်း၏ထိုလုပ်ပုံအားကြည့်ကာ တဟားဟားနဲ့ရယ်နေလေသည်။အိမ့်ကြေးမှုံမင်းလည်း မောင်မောင်ရယ်တော့သူပါတဟ်ီးဟီးဖြင့်ရယ်လေသည်။

နှစ်ယောက်သား၏ရယ်သံအားကြားတော့ ဇီယာအေးမျက်နှာမှာအပြုံးများကွယ်ပျောက်သွားရလေသည်။

ဒါကိုကြည့်ကာ ဇီယာအေးတစ်ယောက်စိတ်မကြည်ဖြစ်သွားကာ ပြေနေသည့်အမောလေးပါပျောက်ကွယ်သွားပြီး အမောများအားလုံးလည်ပင်းတွင်တစ်ဆို့ကာနေတော့ ဟွန်းခနဲနှာမှုတ်ကာ မထိုင်တော့ပဲ စပါးပင်များအား စိတ်ဆိုးမာန်ဆိုးဖြင့်ရိတ်နေလေသည်။

အရက်သမWhere stories live. Discover now