အပိုင်းနှစ်ဆယ့်တစ်

1.5K 157 16
                                    

ချုံးပွဲချငိုကြွေးပြီးနောက်ဇီယာအေး ခေါင်းအားပြန်လည်မော့လာခဲ့သည်။ဒါပေမဲ့ ရှိုက်သည့်အသံကတော့ပျောက်မသွားပေ။ခေါင်းမော့လာသောဇီယာအေးအား အိမ့်ကြေးမှုံမင်းကြည့်မိစဥ် အရမ်းငိုထားလို့ မျက်လုံးအိမ်ကလုံး ဖောင်းနေပြီး နှာတံလုံးလုံး၏ထိပ်ကလေးမှာလည်း နီရဲနေကာ မျက်နှာအနီးတဝိုက်တွင်လည်း မျက်ရည်များသုတ်ထားရလို့ဖြစ်မည် ကလေးလေးလိုအာပေတူးချပ်ကာ ညစ်ပတ်ပေရေနေသည်။

ဒါကိုကြည့်၍ အိမ့်ကြေးမှုံမင်းတဖန်ရယ်ချင်လာပြန်တော့ရယ်လိုက်မိသည်။အိမ့်ကြေးမှုံမင်းရယ်ဒါကိုမြင်သည့် ဇီယာအေးက ငိုထားလို့မို့မို့အစ်အစ်ဖြစ်နေသည့်မျက်လုံးများဖြင့်အိမ့်ကြေးမှုံမင်းအား ကျဥ်းမြောင်း၍ကြည့်ကာ

"ကျွန်တော်ငိုရတာ အိမ့်အတွက်အဲ့လောက်တောင်ရယ်ရလားဗျာ"

ဇီယာအေးထိုသို့ပြောလိုက်တော့ အိမ့်ကြေးမှုံမင်းလည်း ရယ်နေရာမှတန့်သွားပြီး မျက်လုံးလေးများလည်းဝိုင်းစက်သွားပြီး ကြောင်တောင်တောင်ဖြင့် ခေါင်းအားခါးယမ်းလိုက်သည်။

"ဟင့်အင့်"

"သဘောပေါက်ပါတယ်ဗျာ ။ ကျွန်တော်က ချစ်နေရသူပဲ ။ အိမ့်ကျွန်တော်ကို ရယ်စားချင်ရယ်စားလို့ရသလို လှောင်ပြောင်ချင် လှောင်ပြောင်လို့ရတယ်။ ဒါပေမဲ့ ကျွန်တော့်ကို မချစ်ဘူးတို့ ပိုင်ရှင်ရှိနေပြီတို့ အဲ့ဒီစကားတွေ မပြောပါနဲ့လားဗျ။ ကျေးဇူးပြုပြီးတော့ ဖြစ်ဖြစ်ပေါ့"

"အင်း"

ဇီယာအေး စကားဆုံးတော့ အိမ့်ကြေးမှုံမင်းယောင်ယမ်းကာ ခေါင်းငြိမ့်မိသည်။

ဟင်။နေပါဦး ငါကပိုင်ရှင်ရှိတယ်တို့ မချစ်ပါဘူးတို့လည်းတခါမှ မပြောဖူးသလားလို့ ။ နေပါဦးမေးပါဦးမယ်။

"ဟို.... ဒီမှာ။ အိမ့်တခါမှ အဲ့လိုစကားမပြောဖူးသလိုပဲနော်....။ဒါနဲ့ ဒီစကား ဘယ်ကကြားလာသလဲလို့ "

အိမ့်ကြေးမှုံမင်းက သူ့အရှေ့တွင်ထိုင်နေသည့် ငိုထားလို့ နှာထိပ်ကလေးများရဲနေသော ဇီယာအေးအားမေးတော့ ဇီယာအေးက

အရက်သမTempat cerita menjadi hidup. Temukan sekarang