ဇီယာအေး တဲပေါ်ရှိအိမ့်ကြေးမှုံမင်း၏မအူမလည်မျက်နှာလေးအားကြည့်ကာ ရင်ထဲမှ နာနာကျင်ကျင် ခံစားမှုက တစထက်တစ်စကြီးစိုးလာလေသည်။
အိမ့်ကြေးမှုံမင်း၏အရှေ့မှ သူမျက်ရည်မကျမိဖို့ကိုခဲရင်းစွာထိန်းသိမ်း၍ ခြံ၏အပြင်ဘက်သို့ထွက်လာခဲ့လိုက်သည်။
ရွာထဲသို့လေးတုံ့လေးကန်ခြေလှမ်းများဖြင့်လျှောက်လာစဥ် အနောက်က အော်ခေါ်ကာပြေးလာနေသောလူတစ်စု၏အသံကြောင့် ဇီယာအေးထိုနေရာမှခတ္တခဏရပ်ဆိုင်းနေပြီး သူ့အနားပြေးလာသူများအားစောင့်နေလေသည်။
သက်ပြင်းဖွဖွချကာ နေရာတွင်ရပ်စောင့်နေမိလေသည်။ဖြစ်နိုင်လျှင် ဒီလိုအသည်းလတ်လတ်ဆတ်ဆတ်ကွဲနေသည့်အချိန်မှာ ဇီယာအေးမည်သူနဲ့မှစကားပြောချင်စိတ်မရှိသလို လှမ်းတောင်မလျှောက်ချင်အောင်အထိပင်ပန်းနေသော်ငြား ခြံထဲရှိတဲတွင် အိမ့်ကြေးမှုံမင်ူနဲ့အတူအိပ်ဖို့က ပိုပြီးတော့တောင်ခံနိုင်ရည်မရှိပါ။
ဇီယာအေး၏နှလုံးသားလေးက ဖျားနေလေသည်။
သို့ပေမဲ့လည်း သူငယ်ချင်းများ မို့လို့သာသူရပ်ကာစောင့်နေမိသည်။ဖြစ်နိုင်လျှင် သူဘာကိုမှအရေးမထားပဲလုပ်ချင်ရာလုပ်ပစ်လိုက်ချင်သည်။စောင့်လည်းမစောင့်ချင်သလို စကားတောင်ပြောဖို့အားမရှိတော့သလိုဖြစ်နေလေသည်။
အဝေးကနေပြီး သူ့အနားသို့ပြေးလာသော ငအေးတို့ကရောက်လာပြီဖြစ်သည်။
ငအေးတို့ရောက်လာတော့ ဇီယာအေးလည်း ပုံမှန်အတိုင်းသာ လမ်းအားဆက်လျှောက်နေလေသည်။ဇီယာအေးဘေးသို့ရောက်လာသော ငအေးနဲ့ငကောင်းသည် ဇီယာအေးအားမျက်နှာညိုးငယ်စွာဖြင့်ကြည့်ကာ စိတ်မကောင်းကြီးစွာဖြင့် စကားဆိုလေသည်။
"ဘာဖြစ်နေတာလဲ မိအေး”
ထိုအခါ ဇီယာအေးက ခေါင်းသာ အသာအယာခါပြလိုက်သည်။
ငအေးနဲ့ငကောင်းလည်း ဇီယာအေးဖြစ်နေသည်အားကြည့်ကာ အားမလိုအားမရဖြစ်နေမိသည်။ငအေးလည်းကြည့်ကာ ဇီယာအေးအတွက်စိတ်မကောင်းပေ။
ဇီယာအေးသည် အရက်မူးမှကျွဲခိုးပေါ်ဆိုသည့် စကားပုံလိုပင် အရက်မူးမှ သူဘာဖြစ်နေသလဲဆိုတာပြောသည့်သူဖြစ်သဖြင့် ထန်းရည်အား တိုက်ပြီးရင်တွင်းခံစားချက်များအားပြောခိုင်းရန်ကြံရွယ်လိုက်သည်။ဒါကြောင့် ဇိီယာအေး၏ပုခုံးအားငအေးကတင်လိုက်ပြီး
ESTÁS LEYENDO
အရက်သမ
Ficción Generalမိန်းကလေးအရက်သမဖြစ်တဲ့ကျွန်တော်နဲ့ ဂုဏ်ကြီးရှင်သူဌေးသမီးတစ်ဦးဖြစ်တဲ့သူမ တို့၏ဇာတ်လမ်း။ ဇီယာအေး ၊ အိမ့်ကြေးမှုံမင်း