အပိုင်းကိုး

1.3K 128 1
                                    

ညနေစောင်းတော့ ခြံထဲယာထဲမှ အားလုံးထွက်ခွာပြီးကိုယ့်အိမ်ကိုယ့်ယာသို့သွားဖို့အတွက်ပြင်ဆင်နေကြလေသည်။

ဘာအလုပ်မှမယ်မယ်ရရမလုပ်​ပေမဲ့အိမ်ပြန်ရန်အချိန်ကြနေပြီဆိုသည့်အတွေးက အိမ့်ကြေးမှုံမင်းအတွက်တော့ ကမ္ဘာတစ်ခုလုံးအားအပိုင်စားရထားသလိုဖြစ်နေပြီး တစ်ယောက်တည်းပြုံးပျော်နေလိုက်တာများ နှုတ်ခမ်းကနားရွက်တက်ချိတ်မတတ်ပင်။

"အမလေး မိအိမ့်ရယ် သိမ်းစရာရှိတာအရင်သိမ်းပါဦးဟယ် ။တကယ်တည်း အိမ်မပြန်ဖူးတာကျနေတာပဲ...အလုပ်ကျတော့မလုပ်ဘူး။ဒီနေ့တော့ လွှတ်ထားပေးမယ် ။ နောက်တစ်နေ့ကစ,စလုပ်ရမယ်”

"ဟဲ...ဟဲ ....ဟုတ်ကဲ့ပါ။မယ်....ပြောတဲ့အတိုင်းဖြစ်စေရပါ့မယ်။ဒါပေမဲ့အခုတော့မြန်မြန်လုပ်.... မြန်မြန်လုပ်....အိမ့်အိမ်လေးကို လွမ်းနေပြီ။အိပ်ယာလေးကိုလည်းလွမ်းနေပြီ တအားကိုလွမ်းနေပြ်ီ...ဒါကြောင့် မယ်လည်း စကားမပြောပဲ သိမ်းစရာရှိတာသိမ်း ။အိမ့်လည်း သိမ်းနေတယ်...”

"ဟုတ်ကဲ့ပါ ကျွန်မအမေ မယ်မင်းကြီးမရယ်”

"ဟဲဟဲ....ပြီးပြီ။ပြီးပြီ...ပြန်မယ်။ပြန်မယ်....”

ဆိုကာ အိမ့်ကြေးမှုံမင်းတစ်ယောက် တောင်းအားမ,ကာထရပ်လိုက်သည်ကိုဒေါ်မေရင်ကရောတခြားသူတွေပါဝိုင်းကာ အိမ့်ကြေးမှုံမင်းအားကြည့်နေကြသည်။

"အမလေး မယ်မင်းကြီးမယ်ရယ်.....”

ထိုအခါအိမ့်ကြေးမှုံမင်းက လက်ညှိုးတစ်ချောင်းအား နှုတ်ခမ်းပေါ်တေ့ကာ

"ရှူး...တိုးတိုး မယ်။”

ဒေါ်မေရင်ကလည်း မျက်လုံးပြူးကာ

"ဟမ်....။ ဘာဖြစ်တာလဲ မိအိမ့်”

"ကြားလား မယ်။ကြားလား”

ဒေါ်မေရင်မှာ သမီးဖြစ်သူစကားကြောင့် တောထဲတွင် ကြက်သီးထသလိုလို ကျောချမ်းသလိုလို​ဖြစ်လာ၍ စကားအားမပွင့်တပွင့်မေးမိသည်။ကျန်သူများကလည်း အိမ့်ကြေးမှုံမင်း၏စကားအားကြားတော့ အာရုံစူးစိုက်ကာ နားစိုက်ထောင်နေလေသည်။

"ဘာကိုလဲ...”

"အိပ်ယာခေါ်သံလေ”
အားလုံးကနာမလည်စွာ ယောင်ယမ်းကာ မေးမိကြသည်။

အရက်သမWhere stories live. Discover now