စပါးနင်းသည်ဆိုသည်မှာ စပါးကြိတ်စက်များမရောက်သေးသောနေရာဒေသများတွင် အသုံးပြုသော အပြုအမှုတခုဖြစ်သည်။စပါးနင်းရန်အတွက်လိုအပ်သည်မှာ စပါးနင်ရန်အမိုးအကာပါသောတဲတစ်ခု ၊ ထိုတဲပေါ်တွင်နင်းသည့်စပါးများအောင်သို့ကျစေရန် ဇကာအခင်း ၊ အောက်သို့ကျသွားသည့် စပါးများအား ကိုထိုတဲအောက်တွင်ခံယူရန် အခင်းတခုရှိရမည်ဖြစ်သည်။
စပါးနင်းရာတွင်အမိုးအကာလုပ်ရခြင်းမှာ နေပူလျှင် နင်းနေသည့်လူများပင်ပန်းမည်ဆိုးသောကြောင့်ဖြစ်ပြီး မိုးရွာလျှင်တော့ နင်းထားသော စပါးများအားလုံး ရေစိုရွှဲကာ သုံးစားမရမည်ဆိုးသောကြောင့် အမိုးအကာလုပ်ထားရခြင်းဖြစ်သည်။
ထို့အပြင် စပါးနင်းဖို့အတွက် အပေါ်တွင်ကိုင်စရာအတန်းကိုလည်း ထားပေးရသည်။
စပါးနင်းမည့်သူနှင့် ရိတ်သိမ်းထားသော စပါးများအားသယ်ယူကြရန် အားလုံးက တောင်ပေါ်စပါးနင်းမည့်တဲသို့ရောက်နေကြပြီဖြစ်သည်။
အိမ့်ကြေးမှုံမင်းနှင့်ဒေါ်မေရင်မှလွှဲ၍ရိတ်သိမ်းထားသော စပါးများအားသယ်ယူကာ စပါးနင်းမည့်တဲသို့ယူလာ၍ လာပုံ၍ထားလေသည်။တဲပေါ်ရှိဒေါ်မေရင်က စပါးနင်းလို့ကောင်းအောင်စပါးများအား အထုတ်လိုက်စည်းပေးနေသော်လည်းအိမ့်ကြေးမှုံမင်းမှာတော့ ဒေါ်မေရင်စည်းပေးနေသည်ကိုသာကြည့်နေလေသည်။
"ရော့ ရပြီ ။ မိအိမ့် တက်နင်း ”
"ဟမ်....ဘာကြီး။ တကယ်ကြီးတက်နင်းရမှာလား။”
"အယ်....ညဥ်းကို ဒီတဲပေါ်မှာထိုင်ခိုင်းမလို့ငါ တမင်ခေါ်လာတယ်များတယ်နေလား။”
"မယ်...။အိမ့်နင်းမတတ်ဘူးလို့ ဘယ်လိုနင်းရမလဲ အရင်နင်းပြ”
"ညဥ်းငါ့ကို နင်းပေးနေသလိုနင်းလေ....စာသင်တယလောက်ခက်မလား အေ။ လုပ်တောင်မလုပ်သေးဘူး ဇာတိကစပြပြီ”
ဒေါ်မေရင်ကဆူတော့ အိမ့်ကြေးမှုံမင်းလည်း ထိုင်နေရာမှမတ်တပ်ရပ်ကာ ဒေါ်မေရင်ပြောသလိုပင် ဒေါ်မေရင်အားနင်းပေးသလိုနင်းရန်အတွက် ဒေါ်မေရင်ချည်ပေးထားသော စပါးအထုံးပေါ်တက်နင်းလေသည်။ လူကိုနင်းသလို ဖွဖွလေးနင်းနေသည့်အိမ်ကြေးမှုံမင်းအားညဒေါ်မေရင်ကြည့်ရင်း အသည်းပေါက်လာပြီဖြစ်သည်။
YOU ARE READING
အရက်သမ
General Fictionမိန်းကလေးအရက်သမဖြစ်တဲ့ကျွန်တော်နဲ့ ဂုဏ်ကြီးရှင်သူဌေးသမီးတစ်ဦးဖြစ်တဲ့သူမ တို့၏ဇာတ်လမ်း။ ဇီယာအေး ၊ အိမ့်ကြေးမှုံမင်း