ကျောင်းပေါက်၀တွင် ထွက်လာသော အဖြူအစိမ်းနှင့်ကောင်မလေးတစ်ယောက်အား
"နင်ဖြေနိုင်လား ခြူး " ဂျူး တစ်ယောက် ခပ်လှမ်းလှမ်းမှ လာနေသော ခြူးကြည်ဖြူနိုင် ဆိုသော ကောင်မလေး ကို လှမ်း၍မေးလိုက်သည်။"မဆိုးပါဘူး ဖြေနိုင်တယ်လည်းမဟုတ်ပါဘူးဟယ် နင်ရောဖြေနိုင်လား လွယ်တော့လွယ်ပါတယ်ဂျူးမရဲ့" ခြူးတစ်ယောက် လက်မှမေးခွန်းစာရွက်ကို ကိုင်ကာ ဂျူးကိုပြောလိုက်သည်။
"ငါလဲနင့်လိုပါပဲ ဟီးးး နင်နဲ့တက္ကသိုလ်တူတူတက်ချင်တယ် မိခြူးရယ် ဒါမှ ငါတို့တွေ အတူတူကဲလို့ရမှာ"
"တက်ရမှာပါ နင်ကလဲ ဟိုမှာ ငါ့ဖေဖေလာကြိုနေပီ ညနေကျငါ့အိမ်လာခဲ့အုံးနော် ဂျူးမ စာမေးပွဲလဲပြီးပြီဆိုတော့ လျှောက်လည်ဖို့အစီစဉ်ဆွဲရအုံးမယ်လေ ကဲကဲသွားတော့မယ်"
"အေးအေး သူငယ်ချင်း ဘိုင့်ဘိုင်"ခြူးလဲဖေဖေလာကြိုသောကားပေါ်တွင်ထိုင်ကာ နောင်ရေးအကြောင်းစဉ်းစားနေမိသည်။
'ဆယ်တန်းစာမေးပွဲလဲဖြေပြီးပြီဆိုတော့ ဘ၀အတွက် အစပျိုးရမယ့်အချိန်ကိုရောက်လာပြီလေ။တက္ကသိုလ်မတက်ခင် လိုအပ်မည့် သင်တန်းများလဲ တက်ရမည်။ခရီးလေးတွေလည်း သူငယ်ချင်းတွေနဲ့တူတူထွက်ရမည်။အို...ပျော်စရာကြီးပါလေ။' ပြုံးမိသွားတော့ ဖေဖေက "ငါ့သမီးဖြေနိုင်တယ်ထင်တယ် ဟုတ်လား ပြုံးနေတာပဲ""မဆိုးပါဘူးဖြေတာကတော့ လျှောက်လည်ရမယ့်အကြောင်းတွေတွေးနေတာပါဖေဖေ"
"ဟုတ်ပါပြီ သမီးရယ် သမီးဆယ်တန်းပြီးတော့သမီးကြိုက်တာလုပ်လို့ရပြီဆိုပေမယ့် ဖေဖေတို့ကိုလည်းတိုင်ပင်ရဦးမယ်နော်"
"ဟုတ်ကဲ့ဖေဖေ"ဟု
ခြူးလဲ ပြောပြီး ကားပေါ်တွင်အိပ်၍အိမ်ကိုပါသွားခဲ့သည် ။အိမ်ရောက်၍မေမေ့ကိုလည်းဖြေနိုင်ကြောင်းပြောပြကာ အခန်းထဲသို့ ရေချိုးအနားယူရန် လာခဲ့သည်။ရေချိုးပြီးသည့်နောက်တွင် အိပ်ပျော်သွားခဲ့သည်မှာ ဂျုးတစ်ယောက် အိမ်ကိုအလည်လာမှသာ နိုးလာခဲ့တော့သည်။
YOU ARE READING
Come across (Completed)
Romanceခြူးကြည်ဖြူနိုင် အချစ်အကြောင်းကို မသိဒါပေမယ့် သိလာတဲ့အချိန် မမ ဆိုတဲ့သူလေးက နှလုံးသားထဲခိုး၀င်လာခဲ့ပြီ။ "မ မချစ်လို့မဖြစ်သီချင်းက ခြူးအတွက်များသီဆိုထားခဲ့လေသလား" မြတ်မရာအောင် ငယ်ငယ်ကတည်းက အချစ်မခံရခြင်းကြောင့် အချစ်ကိုလိုလားစွာ တောင်းတနေသူ ။ "ငါ့ကို...