(Part 10)

434 15 0
                                    

" အဟမ်း မမ ဘာတွေငေးကြည့်နေတာလဲ ဘေဘီလေးကချစ်ဖို့ကောင်းနေလို့လားဟုတ်လား "

လည်ပင်းလေးပွတ်ပြီးရှက်နေတာနဲ့တူပါတယ် ဘေဘီလေးက။မြတ်မရာအောင်လဲ ကိုယ့်ကောင်မလေးကိုမှပြန်ငမ်းနေရသလိုဖြစ်နေပြီ။

" ဟုတ်ပါ့ရှင် ဘေဘီလေးက ချစ်ဖို့ကောင်းနေလို့ နမ်းချင်လို့လေ လာခဲ့... "

ပြောပြောဆိုဆို ခြူး ရဲ့လက်တစ်ဖက်ကို ဆွဲကာ ရင်ခွင်ထဲထည့်သွင်းလိုက်ကာ အခန်းဖော်ရှိနေသည်ကိုပင်မေ့လျော့ပြီး ခြူး မျက်နှာကိုအနမ်းပေးနေသော မြတ်မရာအောင်ရယ်ပါ။

" ဟိုလေ ငါတစ်ယောက်လုံးရှိနေသေးတယ်နော် အပြင်ထွက်ပေးရမလား "

ဘေးနားက အခန်းဖော်ကတော့ မေတ္တာတွေပို့နေပြီလေ။ထိုအခါမှ နှစ်ယောက်တစ်ကမ္ဘာလုပ်နေသော ချစ်သူနှစ်ဦးလဲ ရှက်ရှက်နှင့် ရယ်‌ပြနေရသည်။ထိုနေ့ညကတော့ ဇာတ်ကားလေးတူတူကြည့်ရင်း ခြူးလဲထိုအခန်းမှာပင် အိပ်လိုက်တော့သည်။ဖူးမကိုလဲ မမအခန်းတွင်အိပ်မည်ဟု‌ေပြာခဲ့သဖြင့် စိတ်ပူစရာမလို။တစ်ယောက်အိပ်ကုတင်ဆိုပေမယ့် နှစ်ယောက်တော့အသာလေးအိပ်လို့ရသည်။

နွေရာသီဆိုပေမယ့် သိပ်ပြီးမပူလှပေ။အဆောင်ပတ်၀န်းကျင်တွင် သစ်ပင်ကြီးများက အရိပ်အာဝါသ ကောင်းလှသဖြင့် လေတဖြူးဖြူးနှင့် ဆောင်းဦးရာသီလေးလိုပင်ဖြစ်နေသည်။ချစ်သူနှစ်ဦးသားလဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အိပ်ပျော်သွားကြလေသည်။

အဆောင်ပြတင်း၀ မှ တမာပင်ကြီးပေါ်က ကျေးငှက်ကလေးများက တီတီတာတာကျီကျီကျာကျာသံလေးတွေပေးကာ မနက်ခင်းအလှကိုပြည့်စုံအောင် ဖြည့်စွက်ပေးနေပုံရသည်။နေရောင်ခြည်လေးများကလဲ ဟိုတစ်စသည်တစ်စဖြင့် အခန်းထဲကို ၀င်ရောက်နေသည်။

စနေနေ့မနက်ခင်းဆိုတော့ စောထစရာလဲမလိုသည်ကို ထူးထူးခြားခြား မြတ်မရာအောင်တစ်ယောက်နိုးလာခဲ့သည်။အိပ်ယာထက်ကမြတ်မရာအောင်ရဲ့အသည်းကျော်လေးကတော့အိပ်ကောင်းတုန်းပင်။မြတ်မရာအောင်လဲ ခြူး ရဲ့ရင်ခွင်ထဲပင်နစ်မြုပ်နေပြီး ချစ်ရသူ့မျက်နှာလေးကိုငေးကြည့်နေမိသည်။

Come across (Completed)Where stories live. Discover now