(Part 16)

306 16 2
                                    

ခြူးရဲ့ မိဘ များမအားသဖြင့် အိမ်ရောက်နေသည့် အစ်ကို၀မ်းကွဲလာကြိုလေသည်။ခြူး လဲ အိမ်အပြန်ကို ကျောက်မီး ဘက် ကနေ မောင်းလာခြင်းကြောင့် မရောက်ဖူးသည့် ရွာများကို တအံတဩကြည့်နေလေသည်။ခြူး ကျောင်းကိုစလာတုန်းက တံခွန်တိုင် အဝိုင်းပတ်မှလာ သည်ဖြစ်၍ ထူးဆန်းနေရခြင်းဖြစ်သည်။

“မ ဒီနားရွာလေးတွေကျစည်သားပဲ နော် ကျောင်းနားကရွာလေးတွေကျ ဒီ့ထက်တောကျနေသလိုပဲနော် ဟီးဟီး”

“အင်းဟုတ်တယ်လေ ဒီဘက်ကျ ပြင်ဦးလွင် ဘက်ကိုသွားတဲ့မြို့ထွက်လမ်းလို ဆိုတော့ စည်တယ် ဟိုဘက်ကျ အဝေးပြေး လမ်းမလို ဖြစ်နေတာလေ အဲ့တာကြောင့်မို့”

“အော် အော်ဟုတ်မမ ဒါနဲ့ အစ်ကို က ဘာလို့ဒီဘက်ကနေပြန်တာလဲ”

ခြူးလဲ ကားမောင်းနေသည့် အစ်ကိုဖြစ်သူကို လှမ်းမေးလိုက်သည်။ကားမောင်းနေသည့် အစ်ကို က ကားနောက်ကြည့်မှန်က တစ်ဆင့် ခြူးတို့ကိုကြည့်ရင်း

“၀င်စရာလေးရှိလို့ပါ အစ်ကို့သူငယ်ချင်းက ၃၅ လမ်း ထိပ်ဘက်မှာ နေတာမို့ ခန ယူစရာလေးရှိလို့ ”

“ဒါနဲ့ အစ်ကို က ဘာလာလုပ်တာလဲမန်းလေးကို အလည်လာတာလား”

“မဟုတ်ပါဘူး မနက်ဖန်ဆိုပြန်မှာ ရောက်က မနေ့ကလေ တက်ခဲ့တဲ့ကျောင်းက ကျောင်းသား၊ကျောင်းသူဟောင်း တွေ့ဆုံပွဲ ရှိလို့လေ မတွေ့ရတာကြာပီလေ သူငယ်ချင်းတွေက အဲ့တာကြောင့်ပြန်လာတာ”

“အော် ဟုတ်ကဲ့”

ဒီလိုနဲ့ အစ်ကို လဲသူ့သူငယ်ချင်း ဆီက ပစ္စည်းယူပြီး အိမ်ကိုပဲ တောက်လျှောက်မောင်းလာလိုက်တော့တယ်။
အိမ်ကိုရောက်တော့ ခြူးလဲ ဧည့်ခန်းထဲ ထိုင်နေတဲ့ ဖေဖေ့ဆီပြေးသွားပြီး

“‌ေဖ‌ေဖရေ့ လွမ်းနေတာ ”

“အံမယ်လေး ကြည့်စမ်းအချွဲလေး လုပ်နေတာ
ဒီအ‌ေမကို မမြင်ဘူးပေါ့ ဒီကတော့ ကားသံကြားလို့ ငါ့သမီးလေးသောက်ဖို့ဆိုပြိး ဖျော်ရည်ဖျော်နေတာ”

ဖျော်ရည်ခွက်လေးတွေကိုင်ပြီးထွက်လာတဲ့ မေမေက ၀င်ပြောလိုက်တယ်။

Come across (Completed)Where stories live. Discover now