Come across (part 2)

560 20 0
                                    

ဆယ်တန်းအောင်စာရင်းထွက်ပြီးသည့်နောက် ခြူးတို့သူငယ်ချင်းနှစ်ယောက်လဲ တက္ကသိုလ်တက်ရန် ပြင်ဆင်ရလေသည်။အားလပ်ရက်ရနေသော ခြူးနဲ့ဂျုးလဲ ဖုန်းကိုယ်စီဖြင့် တက္ကသိုလ်အကြောင်း‌လိုက်စုံစမ်းနေလေ့ရှိသည်။ ရုတ်တရက်

" ငါတို့‌တက်မည့်ကျောင်းမှာ အဆင်လေးတွေအများကြီးရှိရင်သိပ်ကောင်းမှာပဲနော် ဟီးဟီး"

ဂျူးတစ်ယောက် မျှော်လင့်တကြီးပြောလိုက်ရာ

"‌အျော‌အေး‌အေးနငျကဒါပဲ‌တှေး‌နေတာ စာမတွေးပဲနဲ့"

"ဟဲ့တက္ကသိုလ်မှာ ဘယ်သူကစာလုပ်လို့လဲဟကြောင်တောင်တောင်နဲ့နင်ကလဲ တက္ကသိုလ်ဆိုတာ အချစ်‌ေတွပေါက်ဖွားရာ‌၊ပျော်ရွှင်စရာတွေပြည့်နှက်နေတဲ့နေရာဟ နင့်လိုအရူးပဲစာလုပ်ဖို့တွေးမှာ ငါတော့ အားတိုင်းအတန်းလစ်မယ် လျှောက်သွားမယ်ဟီဟိ"

"‌ေအးပါဟယ်ဟုတ်ပါပီဟ စာလဲလုပ်တော့လုပ်ရမှာပေါ့နင်ကလဲ "

"ကဲကဲ စာလုပ်တာတွေနောက်ဗိုက်‌ဆာပြီဟ နင့်အိမ်ဘာချက်လဲဟင်"

ဂျူး မျက်နှာငယ်လေးလုပ်ပြီး မေးနေသည်မှာ ပိတ်ရိုက်ချင်စရာ။‌

"‌အာလူးသီးနဲ့ကြက်သားချက်ထင်တယ်မနက်ကအာလူးအခွံခွာ‌ေနတာ‌ေတွ့တယ်လာ‌ေလသွားစားမယ်"
ဒီလိုနဲ့ သူငယ်ချင်းနှစ်ယောက် စားသောက်ပြီးစီးပြီး နေ့ရက်ကို ဖြတ်သန်းခဲ့ရာ ကျောင်းဖွင့်ရန်ပင်ရောက်လာခဲ့သည်။သင်တန်းတက်မည်ဆိုကာလဲမတက်ဖြစ်ကြ အလေလိုက်နေကြ‌သည်လေ။

ကျောင်းဖွင့်ရက်ရောက်ရန် နှစ်ပတ်အလို....

ခြူးတို့အိမ်ကသမီးမိန်းကလေးဖြစ်တာရော တစ်ဦးတည်းသောသမီးဖြစ်တာရောကြောင့် ခြူးကိုအဆောင်မှာ မထားချင်။ခြူးကတော့ လွတ်လွတ်လပ်လပ်နဲ့ သူငယ်ချင်းတွေစုပေါင်းပြီးနေချင်သည်ဟုဆိုကာ မိဘများကိုကပ်ချွဲပြီးအဆောင်ထားရန်ပြောနေသည်။

"‌ေမ‌ေမကလဲ သမီးကအဆောင်နေတာ ပြန်မလာတာမှမဟုတ်တာ နှစ်ပတ်တခါတော့ပြန်လာမှာပါ ပြီးတော့အလေလိုက်နေမှာလဲမဟုတ်ပါဘူးနော် သူငယ်ချင်းတွေစုပေါင်းပြီးနေတဲ့အရသာသိချင်လို့ပါမေမေရဲ့နော်နော်"
ခြူးလဲ ညဏ်နီညဏ်နက်နဲ့အဆောင်နေရဖို့အရေးကြိုးစားနေလေသည်။

Come across (Completed)Where stories live. Discover now