(Part 24)

391 11 0
                                    

ခြူး တို့လဲ အိပ်ရာနိုးနိုးချင်းပဲ လိုအပ်သည်များယူကာကျောင်းသွားအပ်ခဲ့ကြသည်။အိမ်ကိုလဲဖုန်းဆက်ပြီး ဘယ်လောက်ကုန်ကျကြောင်းပြောလိုက်သေးသည်။ထမင်းကြေးလဲ အဆောင်ကိုသွင်းပြီးသည့်နောက်လက်ထဲတွင်တော့ တစ်သိန်းသာကျန်တော့သည်။တစ်လ အတွက် တစ်သိန်းဆိုသည်က ခြူး အတွက်တော့လုံလောက်ပါသည်။

နောက်ရက်တွင်တော့ ကျောင်းဖွင့်သည်ဖြစ်၍တက်ကြွစွာ ခြူး တစ်ယောက် မမ လက်ကိုကိုင်၍ ကျောင်းသွားခဲ့သည်။ဒုတိယနှစ်အစပိုင်း ပထမဆုံးကျောင်းတက်ရက်မှာ ချစ်သူလက်ကလေးကိုင်ဆွဲပြီး ကျောင်းသွားရသည့်အရသာကြောင့် တွေးပြီးကြည်နူးနေကာ ကျောင်းခန်းတွင် စာသင်နေသည့် အချိန်မှာပင် ပြုံးရယ်နေသူ နှစ်ယောက်ရှိနေသည်လေ။

ခြူးတို့က ဒုတိယနှစ်ဆိုတော့ စာကလဲ တက္ကသိုလ်ပုံပို၍ဖြစ်လာပြီး ပထမနှစ်ကလိုလွယ်မနေတော့ဘဲ ခက်သယောင်ရှိလာခဲ့သည်။ခြူးရဲ့မမကတော့ နောက်ဆုံးနှစ်ပေါ့။ခြူးတို့ကျောင်းက လေးနှစ်ပဲရှိ၍ တက္ကသိုလ်ကျောင်းသူဘ၀က အခြားသူများထက်ယှဉ်လျှင် နည်းနေသေးသည်ဟု ပင်ပြောနိုင်သည်။သို့သော် စာကတော့ မနည်းပေ။များလွန်း၍ ခြူး တစ်‌ေယာက်ရူးတောင်ရူးချင်မိသည်။

"မမရာ စာတွေကလဲ ခက်လိုက်တာဗျာ ရူးတော့မှာလားမသိဘူး"

"အမလေး ဒုတိယနှစ်ရှိသေးတာကို မရူးဘူးစိတ်ချ ဘွဲ့ရသွားတဲ့သူတွေဆို ရူးကုန်မှာပေါ့ ဘေဘီပြောတဲ့အတိုင်းဆို"

"ဟီးဟီး မမကလဲ ဘေဘီကတင်စားပြောပြတာ စာကခက်တာတော့ မလဲလက်ခံတယ်မလား"

"ခက်တာကလက်ခံတယ်လေ ရူးတာတော့လက်မခံတာ ရူးသွားရင်လဲ ဟိုဘက်ကိုသွားရုံပဲ နီးသား"

"အမ် ... ဘယ်ဘက်ကိုပြောတာ"

"အာ ငါ့ဘေဘီကတော့ မေ့နေတာလား ဒီကျောင်းနား ဘာရှိလဲဆိုတာ စိတ်ကျန်းမာရေးဆေးရုံလေ"

"ဟုတ်သားပဲ ကျောင်းပတ်၀န်းကျင်က ဒါနဲ့လယ်ကွင်းတွေပဲရှိတယ်ဆိုတာ "

"ဘေဘီ မတို့ သောကြာနေ့ကျ ဈေးသွားရအောင် ဘေဘီဆိုင်ကယ်မောင်းတတ်လား"

Come across (Completed)Where stories live. Discover now