(Part 21)🌚

1.3K 27 5
                                    

တိတ်ဆိတ်ငြိမ်သက်နေတဲ့ အိမ်လေးထဲမှာ ရောင်စုံ‌မီး‌လုံးလေးတွေနဲ့သီချင်းသံသဲ့သဲ့ကြား ချစ်သူလေးနှစ်ဦး ကြည်နူးနေကြသည်။အဆောင်မှာ နေစဉ်ကလဲ အတူတူရှိဖူးပေမယ့် အခုလိုနှစ်ဦးသားသီးသန့်ရှိနေတော့ ရင်ခုန်တာပဲ။ပိုပြီးထူးခြားတာက ချစ်ရသူ ရဲ့မွေးနေ့လေးမှာ အတူတူရှိပေးပြီး ကိတ်ခွဲပေးနိုင်တယ် ဆိုတဲ့ခံစားချက်လေးနဲ့ပီတိဖြစ်နေတာပေါ့။

အိအိတို့ ၀ယ်‌ေပးထားခဲ့တဲ့အာလူးကြော်လေးရယ်၊ဝိုင်ရယ်ကို စားသောက်ရင်း ကောင်းကင်က ထွန်းလင်းတောက်ပနေတဲ့ ကြယ်တာယာလေးတွေကို နှစ်ဦးသား အတွေးကိုယ်စီလေးများဖြင့်ကြည့်နေမိသည်။ခြူး ကတော့  မပြန်ခင် အိအိပြောသွားသည့်စကားများကိုပြန်ကြားယောင်နေမိသည်။

“ခြူး ဒီနေ့ကမမ နဲ့ နှစ်ယောက်တည်းနော် ဘယ်သူမှမရှိဘူး ဟီဟိ”

“အာ ဘာတွေပြောနေတာလဲ ငါတို့က ဖြူစင်‌တယ်ဟွန်းး”

“အေးပါအေးပါ ဒါနဲ့ နင်ပြတဲ့ပုံကြည့်ရ‌သလောက်နင့်မမကသိပ်လှတာပဲနော် ဟီးဟီး”

“သိပ်လှတာပဲဆိုရပြီ နောက်ကဟီးဟီးကမပါနဲ့”

“အမလေး တွန့်တိုနေလိုက်တာ သူ့မမကိုများ ငါနင့်အတွက်ပြင်ဆင်ထားတယ် ဂျူးဂျူးနဲ့ငါ အာလူးကြော်နဲ့ဝိုင်ပုလင်းလေး၀ယ်ပေးထားတယ် နင်လဲအသက်ပြည့်ပြီ‌ဆိုတော့သောက်လို့ရပါတယ်”

“အိုကေပါ  ဒီလိုသူငယ်ချင်းမျိုးတွေရထားတဲ့ကျွန်မအရမ်းကံကောင်းတာပဲ”

“ဟို စားပြီးရင်လဲပြောအုံး သိချင်လို့ကောင်းမကောင်း”

“ဘာ...ဘာတွေပြောနေတာလဲဟ”

“ဟုတ်ဘူးလေ အာလူးကြော်လေးကောင်းမကောင်းပြောတာပါနော် ဟီးဟီး”

တစ်ယောက်တည်းပြုံးစိစိဖြစ်နေတော့ ဘေးနားက မက

“ဘာတွေတွေးပြီးပြုံးနေတာလဲဘေဘီရဲ့ပြောပါအုံး”

“ဒီလိုပါပဲ ဘေဘီ့မမက လှလှပပလေးကြီးပြင်းလာလို့ သိပ်ကိုကံကောင်းတာပဲလို့တွေးနေတာပါ ပြီးတော့ ဘေဘီ့ကိုယုံကြည်ပြီးလက်တွဲပေးတဲ့အတွက်ကော”

Come across (Completed)Where stories live. Discover now