ဒီလိုနဲ့ ပဲ နေ့ရက်တွေ ကို ပျော်ရွှင်ကြည်နူးစွာ ဖြတ်သန်းလာပြီးတဲ့နောက်မှာတော့ first semester
ပြီးတော့မယ် အချိန်ကိုရောက်လာခဲ့ပြီပေါ့။အကုန်လုံးကလဲ ပိတ်တာနဲ့ သင်္ကြန် ပိတ်ရက်ဆိုတော့ စာကြိုးစားပြီး လုပ်နေကြတယ်။ခြူးတို့အတဲွလဲ အပါအ၀င်ပေါ့။ခြူး လဲ စာမေးပွဲဖြေတဲ့ရက်တော့ ကိုယ့်အခန်းကိုပဲနေပြီး ကြိုးစားကျက်မှတ်နေတယ်။ မကျက်လို့လဲ မရ မမ က ဂုဏ်ထူးလေး ပါအောင်ဖြေပါဆိုလို့သာ။ ပြီးတော့ ကိုယ်တိုင်ကလဲ တစ်ဘာသာ ဖြစ်ဖြစ် ဂုဏ်ထူးပါချင်၍ ကြိုးစားကျက်နေရခြင်းဖြစ်သည်။
စာမေးပွဲတွေလဲ တစ်ရက်ပြီးတစ်ရက်ဆိုသလို ဖြေရပြီး နားချိန်မရှိ စာအုပ်နှင့်မျက်နှာ မခွာနိုင်ပေ။မည်သူ့ကြည့်ကြည့် စာအုပ်ကလေးနှင့်ပင်။ တစ်ချို့ဆို ထမင်းစားလျှင်ပင် စာအုပ်ကြည့်ကာ စားနေကြသည်။ခြူး လဲစာမေးပွဲရက်အတွင်းတော့ ခန တစ်ဖြုတ်သာတွေ့နိုင်လေသည်။ သူ မအား ကိုယ် မအားဖြစ်နေပြီး စာ ကလဲ အရေးကြီးသဖြင့် စာမေးပွဲပြီးမှ အ၀တွေ့မည် ဟု ကြုံးဝါးထားလေသည်။
စာမေးပွဲတွေကော၊Practicalကော အကုန်ဖြေပြီးသည့်ရက်တွင် ပါချုပ်က ကျောင်းသင်္ကြန် လုပ်ပေးမည် ဟုပြောသဖြင့် ပထမနှစ်ကလေးများ အပါအ၀င် အားလုံး တဟေးဟေး တဟားဟား ဖြင့်ပျော်မြူးနေကြသည်။ခြူးလဲ စာလုပ်စရာမရှိတော့ မမ အခန်းကိုပဲ ခြေဦးပြန်လှည့်သည်။မမ ကတော့ ခေါက်ဆွဲပြုတ်နေသည်နှင့်
"မမ ဘေဘီ့ကိုမျှော်မနေဘူးပေါ့ ဟွန့်ဒီက စာမေးပွဲပြိးတာနဲ့ မမ ဆီလာတာကို"
"အယ် ဘေဘီ့လာရင်တူတူစားဖို့ ကျွန်မ ကခေါက်ဆွဲပြုတ်နေတာပါနော် ရှင်လေးကလဲ စိတ်ချည်းပဲ"
"အော် အဲ့လိုလား ဟီးဟီး အာ့ကြောင့်မမကိုချစ်တာ "
"ဘာ ခုမှချစ်တာလဲ စောနကတော့ စိတ်ကောက်နေတဲ့အသံနဲ့ပြောပြီး "
"ဟီးဟီး စတာပါမရဲ့ဘေဘီက ရတော့မှာလား မွှေးနေတာပဲ ခေါက်ဆွဲလေးက ကုတင်ပေါ်စားမှာမလား ခုံတင်လိုက်မယ်နော် ရေ လဲ သွားခပ်လိုက်မယ် အေးအေးလေးသောက်ရအောင်လို့ "
YOU ARE READING
Come across (Completed)
Romanceခြူးကြည်ဖြူနိုင် အချစ်အကြောင်းကို မသိဒါပေမယ့် သိလာတဲ့အချိန် မမ ဆိုတဲ့သူလေးက နှလုံးသားထဲခိုး၀င်လာခဲ့ပြီ။ "မ မချစ်လို့မဖြစ်သီချင်းက ခြူးအတွက်များသီဆိုထားခဲ့လေသလား" မြတ်မရာအောင် ငယ်ငယ်ကတည်းက အချစ်မခံရခြင်းကြောင့် အချစ်ကိုလိုလားစွာ တောင်းတနေသူ ။ "ငါ့ကို...