🎶📳ငယ်သေးတဲ့အချစ်မို့ မလေးစားတာလားပြောပါ ကျွန်တော်သိပ်ချစ်တတ်တာကျွန်တော်သာအသိပါ 📳🎶
အိပ်ယာဘေးရှိ စာကြည့်စားပွဲပေါ်မှ ဖုန်းက အသံမြည်လာသဖြင့် ခြူး လဲနိုးလာကာဖုန်းကိုင်လိုက်သည်။တော်ပါသေးရဲ့အလျင်အမြန်ကောက်ကိုင်လိုက်၍ ချစ်လှစွာသောမမကတော့ နှစ်ခြိုက်စွာအိပ်ပျော်နေသဖြင့် မနိုးသွားပေ။စိတ်ထဲမှတော့မနက် စောစောစီးစီးဖုန်းဆက်သူကို ကျန်ဆဲနေလိုက်သည်။
ဖုန်းကိုကြည့်လိုက်တော့ နာမည်မှတ်ထားခြင်းမရှိတဲ့ သူစိမ်းဖုန်းနံပါတ်တခုပင်။အသံဆူမှာဆိုးေသာေကြာင့်၀ရန်တာဘက်ထွက်ပြီး
ဝေဝါးစွာဖြင့်ကိုင်လိုက်တော့"ဟယ်လို မမခြူး"
"ဘယ်သူလဲမသိဘူးရှင့်"
"အာ မမခြူးကလဲ ညီမလေးအသံကိုမမှတ်မိဘူးလား မမ မေမေရဲ့သူငယ်ချင်းဒေါ်တင်တင်ရဲ့သမီးလေ"
"အာ စောပြည့်ဆိုလဲရပါတယ် မှတ်မိပါတယ်ကို အင်းညီမလေးပြောဘာဖြစ်လို့လဲ"
"ဟိုလေ ညီမလေးက ဆယ်တန်းကိုဒီနှစ်အောင်ထားတာ မမ တို့တက္ကသိုလ်တက်ချင်လို့အဲ့တာစုံစမ်းချင်တာမို့"
"အဲ့အရွယ်တောင်ရှိသွားပြီလားညီမလေးက ကလေးလေးပဲမှတ်နေတာ"
"မမကလဲ ညီမလေးကိုမေ့ထားတာပဲ"
"မဟုတ်ပါဘူး မတွေ့တာကြာတော့နည်းနည်း"
"ရပါတယ် မမရဲ့ညီမလေးကမမကိုစတာ ညီမလေးက မမ တက်တဲ့ဆီစိတ်၀င်စားလို့မေမေ့ကိုပြောတာ အဲ့တာမေမေကတဆင့် မမ ဖုန်းနံပါတ်ရတာမို့"
"အော်ဟုတ်ပါပြီ ရတယ်လေ မမ လဲကျောင်းပိတ်တယ်ဆိုတော့ နေ့လယ်ပိုင်းဖြစ်ဖြစ်ဖုန်းပြန်ဆက်ပေးမယ် ရတယ်မလား"
"ဟုတ်ဟုတ်မမ ရတယ် အားကိုးပါတယ်
ေနာ်မမ""ဟုတ်ပါပြီ ညီမလေးအဲ့ဆို ဒါပဲနော်"
"ဟုတ်ကဲ့ပါရှင့် မျှော်နေမယ်နော် အာဘွား"
"ဟမ်"
ကြောင်အအဖြင့် ရပ်နေ၍ ပြိးမှ ခေါင်းရမ်းကာ
'ဒီကလေးမ ငယ်ငယ်ကအတိုင်းပဲထင်ပါ့လုပ်ချင်တာလုပ်ပြောချင်တာပြောတာ'
YOU ARE READING
Come across (Completed)
Romanceခြူးကြည်ဖြူနိုင် အချစ်အကြောင်းကို မသိဒါပေမယ့် သိလာတဲ့အချိန် မမ ဆိုတဲ့သူလေးက နှလုံးသားထဲခိုး၀င်လာခဲ့ပြီ။ "မ မချစ်လို့မဖြစ်သီချင်းက ခြူးအတွက်များသီဆိုထားခဲ့လေသလား" မြတ်မရာအောင် ငယ်ငယ်ကတည်းက အချစ်မခံရခြင်းကြောင့် အချစ်ကိုလိုလားစွာ တောင်းတနေသူ ။ "ငါ့ကို...