ရက်တွေကတစ်ရက်ပြီးတစ်ရက်ကုန်ဆုံးလာခဲ့တယ်။ကြားထဲမှာ ဂျူး လဲ အိမ်ကို အလည်လာေတာ့ မန္တလေးမြို့ထဲ လျှောက်သွားကြရင်း နေ့ရက်တွေကုန်ဆုံးနေလိုက်တယ်။မ ကိုလဲ ပုံလေးတွေအမြဲပို့ပေးနေပြီး မ ဆီကနေလဲ ပုံလေးတွေအမြဲလက်ခံရတယ်။ဖူးမ နဲ့လဲ စာအဆက်အသွယ်အမြဲရှိတယ်။သူကတော့ အိမ်ရောက်တော့ အိမ်တွင်းပုန်းလေးလုပ်နေသတဲ့လေ။ဒီလိုနဲ့ပဲ မြန်မာတို့ရဲ့နှစ်သစ်ကူး သင်္ကြန်ကို ရောက်ရှိလာတော့မယ်။
ဧပြီလ 12 ရက်နေ့က ခြူး သိပ်ချစ်ရတဲ့ မမ ရဲ့မွေးနေ့လေးလေ။ခြူး က မွေးနေ့လေးမှာ မမ နဲ့တူတူရှိပေးချင်ပြီး သင်္ကြန်ကိုတူတူဖြတ်သန်းချင်တာပေါ့။ဂျူး ကိုပြောပြတော့ ဂျူး လဲ သဘောတူတယ်။ခက်တာကခြူး အိမ်က လွှတ်ပါ့မလားပေါ့။ခြူး လဲမိဘတွေကို မမ ရှိရာမြို့လေးသို့ အလည်သွားချင်သဖြင့် ပူဆာနေလိုက်သည်။အစကတော့ ခွင့်မပြုပေ။ဂျူး လဲလိုက်မည်၊ပြီးတော့ မြတ်မရာအောင် ဆီဆိုတော့ ခွင့်ပြုလိုက်လေသည်။
သို့ဖြစ်၍ဂျူးနှင့်တိုင်ပင်ကာ မ မြို့လေး ဆီရောက်သည့်နေ့ကိုတော့ ဂျူး သူငယ်ချင်းတစ်ဦးရဲ့အိမ်မှာအိပ်မည်ဖြစ်သည်။မွေးနေ့အတွက် ကိတ်မုန့်နှင့်ပန်းစည်းလေးကိုလဲဂျူး သူငယ်ချင်း က တာ၀န်ယူကာ မှာပေးမည်ဟု ပြောသဖြင့်အဆင်ပြေသွားသည်။
ပါမစ်ရပြီးတော့ 10 ရက်နေ့ကို သွားရန်ပြင်ဆင်လိုက်သည်။မမ ကို အံ့ဩစေချင်၍ ကြိုလဲပြောမထားပေ။10ရက်နေ့ မနက်ခင်းကနေ ကားစီး လာခဲ့ရာ နေ့ခင်းဘက်တွင် ထမင်းစားတစ်ထောက် နား၍ ဆက်လက်မောင်းနှင်လာခဲ့ရာ ညနေပိုင်း တွင်တော့မမ ရှိရာမြို့လေးဆီသို့ ရောက်လာခဲ့ပြီလေ။တစ်လမ်းလုံး ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် လိုက်ပါခဲ့ပြီး မမ နဲ့တွေ့ရဖို့အရေး တွေးပျော်နေမိသည်။ဂျူး ကတော့ ကားမူးသဖြင့် တစ်လမ်းလုံးဆေးသောက်ကာအိပ်လိုက်လာလေသည်။
မြို့လေးရဲ့အ၀င်၀ က စိမ်းလန်းစိုပြေကာ အုံ့အုံ့မှိုင်းမှိုင်းဖြင့် လွမ်းစရာအတိ။သင်္ကြန်ကာလနားနီးလျှင် မိုးရွာတတ်သဖြင့် မိုးကောင်းကင်မှာလဲ ညို့မှိုင်းမှိုင်း ဖြစ်နေသော တိမ်စိုင်လေးများက ဟိုတစ်စ၊သည်တစ်စ။ ညေနပိုင်းမို့လဲထင်ပါ့။ကားဂိတ်မှ အ၀တ်အိတ်ေလးကို ဆွဲကာ ဆင်းတော့
YOU ARE READING
Come across (Completed)
Romanceခြူးကြည်ဖြူနိုင် အချစ်အကြောင်းကို မသိဒါပေမယ့် သိလာတဲ့အချိန် မမ ဆိုတဲ့သူလေးက နှလုံးသားထဲခိုး၀င်လာခဲ့ပြီ။ "မ မချစ်လို့မဖြစ်သီချင်းက ခြူးအတွက်များသီဆိုထားခဲ့လေသလား" မြတ်မရာအောင် ငယ်ငယ်ကတည်းက အချစ်မခံရခြင်းကြောင့် အချစ်ကိုလိုလားစွာ တောင်းတနေသူ ။ "ငါ့ကို...