(Part 27)

749 16 10
                                    

ကုတင်ပေါ်က မ ကတော့အကြောင်သားဖြင့် ခြူးကိုငေးကြည့်နေမိသည်။စိတ်ထဲမှလဲ ဘာလား ပေါ့။

"ဟို..ဟိုဟွာလေ မမ "

"......"

"အဲ့ကလေးမ ကလေ‌ငယ်ငယ်ကတည်းကတဇွတ်ထိုးရယ် ပြောချင်ရာပြောလုပ်ချင်တာလုပ်တာရယ်"

"အဲ့တော့"

"အမ်... စောနကအာဘွားပေးတာကသူပါးစပ်ဆော့တာနေမှာ နောက်ခါကျပြောလိုက်မယ်နော် ခုဟာကသူကပြောပြီး တန်းချသွားလို့"

"အွန်းအွန်း နောက်ခါမဖြစ်စေ‌နဲ့နော်အဲ့ဆို"

"ရက်စ်ဆာ ဘေဘီပြောပါတယ် သူ့ကိုပြောလိုက်မယ်လို့ဘေဘီ့ကောင်မလေးကမ ဆိုတာကို"

"အေးဆေးပေါ့ဘေဘီရဲ့ သူလဲကျောင်းလာတက်တော့မှာပဲကို နှစ်လသုံးလပဲလိုတာကို"

"အွန်းပါ မရဲ့ သူလဲဘေဘီ့ဆီဆက်စရာကိစ္စမရှိပါဘူးရယ်"

"ဘာလဲမျှော်နေတာလား"

"အာအာ ဟုတ်ပါဘူးမျှော်စရာလားနော် ဘေဘီကဘေဘီ့ကလေးလေးကို သိပ်ချစ်တာကို ပြီးတော့ ဟိုက ဘေဘီ့ရဲ့ညီမလေးလိုပဲကို"

"ဟုတ်ပါပြီ ဘေဘီ့ကိုယုံပါတယ် ကဲပါ အိပ်ကြမယ် မလဲရှင်းပြရတာ မောသွားပြီ"

"အွန်း အိပ်ကြမယ်အဲ့ဆို ဒီတခါ မ ရဲ့ရင်ခွင်ထဲ၀င်အိပ်မယ်"

ခြူး လဲ မရာ့ရဲ့ရင်ခွင်အတွင်းသက်ဆင်းပြီးခနအကြာအိပ်ပျော်သွားလေသည်။

********
တစ်ဘက်၌

'အား ပျော်လိုက်တာ ငါ့မမ နဲ့ပြန်တွေ့ရမယ်ဆိုတော့ မမ ရဲ့အသံကလဲအရင်အတိုင်းပဲမပြောင်းလဲသွားဘူး အကောင့်ရှာအုံးမှပဲ'

စောပြည့်လဲ လိုင်းဖွင့်ကာ ခြူးရဲ့အကောင့်လေးကိုရှာပြီး wall ထဲ၀င်မွှေကာအသည်းတွေတန်းဆီပေးတော့သည်။ထိုအခါ

'ငါ့မမက ပုံသိပ်မတင်ဘူးပဲ ပို့စ်တွေပဲရှဲနေတာပဲ မျက်နှာလေးမြင်ချင်တာကို ရပါတယ် နောက်နေ့ကျမှ ငါVc‌ေပြာရမယ်မမနဲ့ ဟီးဟီး မမရေ့ မမရဲ့အဆိုးလေး မမ ကိုလာတွေ့မယ်နော်စောင့်နေနော်'

စောပြည့်က ငယ်ငယ်ကတည်း ခြူး ကိုကြွေလာတဲ့သူပါ။ခြူး ကစာတော်တော့ စောပြည့်ကိုစာရှင်းပြပေးရင်းကနေ စောပြည့်က ကြိတ်ကြွေလာခဲ့တာပေါ့။ငယ်သေးတော့ အချစ်ဆိုတာသိပ်မသိသေးပေမယ့် အထက်တန်းအောင်လာတဲ့အခါမှာတော့ 528 နဲ့ချစ်တာမဟုတ်ပဲ 1500 ချစ်တာ သိလိုက်ရပြီး ခြူး ရှိတဲ့တက္ကသိုလ်ကို တက်ပြီး လိုက်ဖို့စီစဉ်ထားနေတာပါ။

You've reached the end of published parts.

⏰ Last updated: Sep 09 ⏰

Add this story to your Library to get notified about new parts!

Come across (Completed)Where stories live. Discover now