(Part 14)

369 12 0
                                    

ခြူးနဲ့ဖူး လဲ မသိမ်းရ‌ေသးသည့်အ၀တ်တွေကိုခေါက်ကာ သေတ္တာထဲ သေချာလေးထည့်ပြီး ပိုးမျှင်လေးများကို ရှင်းနေသည်။မိန်းကလေးနှစ်ယောက်နေသည့်အခန်းမို့ တမံတလင်း‌တွင် ဆံပင်မွှေးလေးများလဲ တွေ့နေရသည်မို့ တံမြက်စည်းလှည်းကျင်းရသေးသည်။ခြူးတို့ကတော့ ပထနှစ်ကျောင်းသူလေးတွေမို့ အ‌ေဆာင်တီချယ်ကိုကြောက်၍ ခေါက်ဆွဲအိုးများကို မဝယ်ထားပေ။ခေါက်ဆွဲစားချင်လျှင်တော့ စားဖိုဆောင်သွားကာပြုတ်စားလိုက်ကြသည်။

သို့သော် အဆောင်ကအစ်မကြီးများကတော့ ခေါက်ဆွဲအိုးကို တစ်ယောက် တစ်အိုးပင်ရှိလေသည်။ထို့ကြောင့်အဆောင်စစ်မည်ဆိုသဖြင့် အခန်းကိုယ်စီမှ အစ်မကြီးများ လက်ထဲတွင် ‌အိုးလေးများပိုက်ကာ ရေချိုးခန်းထဲသွားဖွက်နေကြသည်။ခြူးရဲ့မမ လဲအပါအ၀င်ပေါ့။အခန်းအပြင်ဘက်တွင်လဲ လှည်းကျင်းရသေးသည်။အကုန်ပြီးစီးပြီးခနနေတော့ အဆောင်တီချယ်နှင့်ECအစ်မ အခန်းလာစစ်ကြလေသည်။တစ်ချို့တွေတော့ အခန်းထဲမှာဖွက်သဖြင့် တွေ့ကာ ခေါက်ဆွဲအိုးများသိမ်းသွားလေ‌သည်။

အခန်းစစ်ပြီးသွားသည့်နောက်တွင်တော့ ခြူးတို့လဲ စာလုပ်ရန်ပြင်ဆင်ရလေသည်။ပထမတစ်ခေါက်ဖြေထားသည့်အမှတ်တွေကတော့ မဆိုးလှပါ။အိမ်ကလဲတတ်နိုင်သလောက်ပဲ ကြိုးစားပါဟုပြောပြီး ဖိအားသိပ်မပေးပင်။စာလုပ်ရန်အတွက် ခြူးလဲ အောက်ထပ်ကိုသွားရန်ပြင်နေချိန် ဖုန်း၀င်လာ‌ေလသည်။ကြည့်လိုက်တော့ ချစ်ရသည့်မ ဆီမှ ဖြစ်နေသည်။

“ဟယ်လိုမ ပြောပါဗျ”

“ဘေဘီဘာလုပ်နေတာလဲ မ ဆီမလာဘူးလား”

“စာကျက်မို့ အောက်သွားဖို့ပြင်နေတာမရဲ့ ပြီးရင် မ‌ဆီလာမလို့”

“အားပါးပါး ကြိုးစားလိုက်တာငါ့ဘေဘီက ‌စာကအရေးကြီးတယ်ပေါ့ရှင့်အတွက်က”

“အယ် မလဲအရေးကြီးပါတယ် စာလဲလုပ်ရမှာလေမရယ်”

“ဟုတ်ပါပီစတာပါ‌ဘေဘီရဲ့ ကျက်ကျက် ခနနေ မလဲ အောက်ဆင်းခဲ့မယ်လေ”

“ဟုတ်ပါပီဗျ ချစ်တယ်မ ”

“ဟုတ်ကဲ့ပါရှင်”

Come across (Completed)Where stories live. Discover now