မနက်ခင်းလေးမှာ ချစ်ရသူရဲ့ရင်ခွင်လေးထဲကနေပြီးနိုးထရတဲ့ခံစားချက်ကလေ ဘယ်အရာနဲ့မှမလဲနိုင်ဘူး။ကျွန်မကြားဖူးတယ် အချစ်ဆိုတာ က <ကိုယ်ကမရှာရင်၊သူလာရှာလိမ့်မယ်> တဲ့။တကယ်တော့ ကလေးရောကျွန်မရောကိုယ်တိုင်က အချစ်ကိုမရှာပဲ ရှာဖွေတွေ့ရှိသွားတာပါပဲလေ။ခုလဲကြည့် ကျွန်မထက်ငယ်တဲ့ ကလေးသေးသေးဆီကနေ အချစ်ခံနေရမည်လို့ ဘယ်သူကတွေးမိပါလိမ့်နော်။
မြတ်မရာေအာင်တစ်ေယာက်ေတွးရင်း ပြုံးနေပြီး အိပ်နေသည့် အကောင်ပေါက်ကလေးကို နှိုးနေတော့သည်။
“ ထတော့လေ ဘေဘီရဲ့ အတန်းတက်ရမယ်မလား Chemistry Practical ရှိတယ်ဆို မ ကိုအရင်နေ့ကပြောထားတာေလ ”
“ အယ်း ဟုတ်သားပဲ တီချယ်က စောလာရမယ်ဆိုပြိးမှာထားတာ ဘယ်နှစ်နာရီရှိပြီလဲဟင် ”
“ ခုနှစ်နာရီခွဲနေပြီ
ဘယ်အချိန်ခေါ်ထားလဲတီချယ်က ”“ ရှစ်ခွဲအရောက်တဲ့ စမှာကတော့ကိုးနာရီလို့ပြောတယ်မမ ”
“ အော်ဟုတ်ပါပီ ထထ ရေချိုးမှာမလား တခါတလေလဲညနေမှချိူးပါကွယ် ဖျားနေလိမ့်မယ် မသည်းငယ်လေးရဲ့ ”
“ ရေမချိူးရရင်မနေတတ်လို့ပါ မရယ် မနက်ခင်းအနမ်းလေးပေးအုံးလေမရဲ့ ”
“ မျက်နှာအရင်သစ်အုံးလေကွယ် စောစီးကို ”
“စောစီးမနမ်းရဘူးလို့မ ကြားဖူးလို့လားဟွန်း ဘာလဲညစ်ပတ်တယ်ထင်လို့လား လာအုံး..မနမ်းချင်တဲ့မ ”
“ ပြွတ်စ်..😚”
အသားယူနေသော ကလေးလေးကို မ ကိုယ်တိုင်လဲ မငြင်းရက်ပါ။မ လဲ အသည်းနင့်အောင်ချစ်ရတယ်လေကလေးကို။သူအတန်းနောက်ကျမည်ဆိုး၍သာ မျက်နှာသစ်ခိုင်းရတာ မ လဲနမ်းချင်တာပေါ့နော်။
“ ဟိတ်..အိုကွယ်စောစီးနှာဘူးကျနေတယ်ပေါ့နော် လာလာပြန်နမ်းမယ် ”
“ ပြွတ်စ် ”
သူပဲပြောသူပဲနမ်းသွားပြီးရှက်နေသော မ ရယ်ပါလေ။
“ ဟီးဟီး ဘာဖြစ်လဲ ကိုယ့်ကောင်မလေးကိုနမ်းတာပဲဟာကို ကဲကဲ မ လဲမျက်နှာမသစ်ရသေးဘူးမလား တူတူသစ်မယ်လေ ဘေဘီ့ရေချိုးတာတော့စောင့်အုံးနော် တူတူထမင်းစားရအောင်လို့ ”
YOU ARE READING
Come across (Completed)
Romanceခြူးကြည်ဖြူနိုင် အချစ်အကြောင်းကို မသိဒါပေမယ့် သိလာတဲ့အချိန် မမ ဆိုတဲ့သူလေးက နှလုံးသားထဲခိုး၀င်လာခဲ့ပြီ။ "မ မချစ်လို့မဖြစ်သီချင်းက ခြူးအတွက်များသီဆိုထားခဲ့လေသလား" မြတ်မရာအောင် ငယ်ငယ်ကတည်းက အချစ်မခံရခြင်းကြောင့် အချစ်ကိုလိုလားစွာ တောင်းတနေသူ ။ "ငါ့ကို...