Come across (part 4)

540 17 0
                                    

အကောင့်အပ်ပြီးသည့်နောက်တွင်တော့ ခြူးလဲ သူ့အကောင့်ထဲ၀င်ရောက်စပ်စုနေမိလေသည်။ပုံမှန်ဆို အနေအေးပြီး မည်သည့်အကြောင်းအရာမျှ စိတ်မ၀င်စားတတ်ဘဲ အခုတစ်ပါးသူအကြောင်းကိုမှ သိချင်နေမိသည် မှာ ထူးဆန်းသည်။

“အား ဒီအစ်မက ဆယ်လီကြီးကျနေတာပဲဟ ပုံတွေတင်တိုင်း K နဲ့ရနေတာ ချောလဲချောတယ်ဆိုတော့လဲဖြစ်သင့်ပါတယ် သူကအကဝါသနာပါတာလားမသိဘူးကျောင်းက ပွဲတိုင်းမှာ ကနေတာချည်းပဲ မိုက်တယ်ဟ” ဖုန်းကိုင်ရင်းပွစိပွစိဖြစ်နေသောကြောင့် ဖူးဖူးပင် ဘာဖြစ်တာလဲမေးရသည်အထိ။ခြူးလဲ စတွေ့ကတည်းကအကြောင်းနဲ့အကောင့်တောင်းမိသည်အထိရှင်းပြလိုက်တော့

“‌ေအာ်‌ေအာ် မသိပါဘူး ဟယ် ဘာပွဲများဖြစ်ပြန်ပြီလဲလို့ငါက တစ်နေ့တစ်နေ့ လိုင်းပေါ်ကပွဲတွေပဲဖြစ်နေလို့လေ ဟီးဟီး ” ဖူးဖူးကလဲရယ်ကျဲကျဲနဲ့ကုတင်ပေါ်မှာ ဖုန်းသုံးရင်းပြောနေလေသည်။ခြူးလဲ မမ နဲ့တွေ့ရသည့်အချိန်ကစ တစ်မျိုးဖြစ်နေသောခံစားချက်ကိုဖူးဖူးအား ပြောရန်စဉ်းစားနေပြီး ပြောမည်အလုပ်
ဖူးဖူးကောင်လေးဆီမှဖုန်း၀င်လာပြီး စကားပြတ်သွားပြန်‌သည်။

ဒီလိုနဲ့ နေ့ရက်ဆက်တိုက် စာသင်လိုက် နားမလည်လိုက် နဲ့ပဲကုန်တစ်ပတ်နီးပါးကုန်ဆုံးသွားသည်။ခြူးလဲ စာနားမလည်ခြင်းကြောင့်‌ေကျာင်းအဆင်းတွင် ဂျူး ကိုဖုန်းဆက်ပြောပြနေသည်ကို မမ တစ်ယောက်ကြားသွားသည်ထင်။

“ခြူးခြူး စာတွေကအဲ့လိုပါပဲ မမ တို့လဲ နားမည်ဘူးရယ် နောက်ပိုင်းမှဆက်စပ်ပြီးနားလည်သွားမှာ အစပိုင်းကတော့ဒီလိုခက်ခဲ‌တာပေါ့ မမရှင်းပြပေးမယ် အားတဲ့အချိန်တွေ မမ အခန်းထဲလာခဲ့ပေါ့”

ဂျူး နဲ့ပြောပြီးဖုန်းချလိုက်သည့်အချိန် စကားသံထွက်ရာအကြည့်

‌‘မမ က သူ့နောက်မှာထိုင်နေပါလား ဘယ်အချိန်ကရောက်လာမှန်းတောင်မသိလိုက်ဘူးငါ‌ေပြာတာ‌ေတွကြားသွားလားမသိဘူး မကြားပါစေနဲ့
တစ်ချို့အ‌ေကြာင်းအရာ‌ေတွကို’ စိတ်ထဲကတွေးနေတော့

“ဟိတ်ပြောတာကြားလားဘာတွေတွေးနေတာလဲ” ခြူးလက်မောင်းကို လက်ညိုးလေးနဲ့တို့ပြီးပြောနေပုံကအသည်းယားစရာ။

Come across (Completed)Where stories live. Discover now