အား....ကျွတ်စ်...ကျွတ်စ်...
မနက်နေရောင်ခြည်ရဲ့ အောက်မှာ နိုးထလာခဲ့သောခြူး တစ်ယောက် ညာလက်မောင်းကို မ ကြည့်တော့ ကျဉ်နေမှုကြောင့် ကြည့်မိတော့ လက်မောင်းလေးပေါ်အိပ်ပျော်နေသော မမပေါက်စ။
ခြူး လဲ မ ရန် မကြိုးစားတော့ဘဲ ကလေးလေး တစ်ယောက်လိုအိပ်ပျော်နေသော သူမကို သာ ဆုံးရှုံးသွားတော့မည့် အလား ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ကြည့်ကာ ပါးလေးတွေကို ဘယ်ဘက်လက် ဖြင့် ထိတွေ့နေမိသည်။ ကလေးလေးတစ်ယောက်လိုအိပ်မောကျနေပြီး အိပ်နေပုံကအစ သိပ်ကို ချစ်ဖို့ကောင်းနေသော ဒီမမ ကို ခြူး တစ်ယောက်အသည်းတွေယားကာ နမ်းချင်စိတ်တဖွားဖွားဖြစ်နေမိသည်။
သိုသော်လဲ နိုးသွားမည် ဆိုးသောကြောင့် ဒီတိုင်းလေးပဲကြည့်နေမိပြီး မနေ့ညက အကြောင်းများကို တွေးတော၍ ကြည်နူးနေမိသည်။
အွန်း.......
လူးလွန့်ကာ ညည်းညူလာသော မမ ။
“ဘေဘီ နိုးနေတာလား ဘယ်ချိန်ကတည်းကလဲ”
“မကြာသေးပါဘူး ကလေးလေးအိပ်တာချစ်ဖို့ကောင်းနေလို့ကြည့်နေတာ”
“အာ ဘာကလေးလေးလဲ သူ့ထက်အကြီးကိုနော် အာ့...ကွျတ်စ်...ကွျတ်စ်”
“ဟင် မမ နာလို့လား ဘေဘီဆေးလိမ်းပေးရမလား”
ပြာပြာသလဲ ဖြင့် ခြူး တစ်ယောက် စောင်ခြုံထားသောမမကို စောင်ဖယ်ကာ ကြည့်မည်အလုပ်
“ဘာ..ဘာ..ကြည့်မှာလဲ မ..မနာပါဘူး ဘယ်မှ”
အတင်းဖုံးဖိနေသော မမ ကြောင့် ခြူး လဲရယ်ချင်မိသွားပြီး
“မမ ကရှက်နေတာလား အဟီးချစ်စရာလေးရှက်နေတာက ရှက်မနေပါနဲ့ အကုန်မြင်ပြီးပြီကို မ ရဲ့ဘယ်နေရာမှာ မှည့်ရှိတယ်ဆိုတာကအစ သိတယ် မ တောင်သိချင်မှသိမှာ အဟင်း”
ပြီတီတီမျက်နှာပေးနဲ့ ပြောမိတော့ ခေါင်းအုံးပျံလေးများ ဝဲလာသည်။
“အာကွာ ကလေးစုတ် လာစနေတာလူကို”
“တကယ်ပြောတာ မမရဲ့ လာပါအုံး ဘေဘီ့ကလေးလေးကို နမ်းချင်လို့ မနည်းထိန်းထားရတာ မ နိုးမှာဆိုးလို့”
YOU ARE READING
Come across (Completed)
Romanceခြူးကြည်ဖြူနိုင် အချစ်အကြောင်းကို မသိဒါပေမယ့် သိလာတဲ့အချိန် မမ ဆိုတဲ့သူလေးက နှလုံးသားထဲခိုး၀င်လာခဲ့ပြီ။ "မ မချစ်လို့မဖြစ်သီချင်းက ခြူးအတွက်များသီဆိုထားခဲ့လေသလား" မြတ်မရာအောင် ငယ်ငယ်ကတည်းက အချစ်မခံရခြင်းကြောင့် အချစ်ကိုလိုလားစွာ တောင်းတနေသူ ။ "ငါ့ကို...