(Part 15)

295 13 2
                                    

ဇာတ်ကားကြည့်ပြီး မိနစ်အနည်းငယ်ကြာ‌တော့ ခြူးရဲ့ ရင်ခွင်အငွေ့အသက်လေးတွေနဲ့အိပ်ပျော်သွားတဲ့ မ။ခြူးလဲ ဖုန်းကို ဘေးအသာချပြီး ဖုန်းအားသွင်းထားလိုက်သည်။ခြူးလဲ အိပ်ပျော်နေသောမကို ကျောလေးပွတ်ပေးပြီး သူပါ အိပ်မက်ကမ္ဘာထဲသို့။

နေရောင်ခြည်နွေးနွေးလေးက အခန်းလေးထဲကို ၀င်ရောက်လာပြီး ကျေးငှက်သံလေးတွေက သာယာစွာမြည်တမ်းနေကြသည်။တအင်းအင်းတအဲအဲဖြင့် လွန်းလွန့်ပြီးနိုးလာသော မြတ်မရာအောင်။ရင်ဘတ်ထဲကနေပြီး ချစ်ရသူမျက်နှာလေးကိုမော့ကြည့်နေမိသည်။သိပ်ကိုမှချစ်ဖို့ကောင်းတဲ့ကလေးလေး။အတူစ အိပ်တဲ့နေ့ကစပြီး အမြဲတမ်း သူ့ရင်ဘတ်ထဲပဲ ထည့်‌အိပ်စေခဲ့သည်။တစ်ခါတစ်လေတော့ မရာ့ ရင်ခွင်ထဲတိုး၀င်အိပ်သည်ပေါ့လေ။

အခုလက်ရှိအချိန်လေးကိုပဲမြတ်နိုးမိတယ်ကွယ်။ဘေဘီ့ကို မ ချစ်တယ်။ဘာအခက်အခဲတွေပဲရှိရှိ ဘေဘီ့လက်ကိုမဖြုတ်ပါဘူးနော်ဘေဘီလေး။မရာ လဲတွေးတောရင်း လက်ကလေးဖြင့် ပါးလေးတွေကိုကျီစယ်ကာ အမြတ်တနိုးဖြင့် အိပ်နေသော ကလေးပေါက်စလေးပါးပြင်‌ေပါ်ကို အနမ်းခြွေလိုက်သည်။အကောင်ပေါက်လေးက နိုးနေသည်ထင်ပါ့။နမ်းလိုက်ပြီးတော့ ပြုံးယောင်သမ်းသွားတဲ့ကလေးပါ။

“ထပ်နမ်းပါအုံးမရဲ့ လိုချင်သေးတယ်”

“နိုးနေတာကို မပြောဘူး ကလေးစုတ်”

“ဟီးဟီး မ ဘာများလုပ်မလဲလို့လေ လုပ်ပါနမ်းပါအုံး”

“ပြွတ်စ် ရပြီလားကွာ”

“ရသေးဘူး တစ်မျက်နှာလုံးနမ်းပါ”

“ဟုတ်ပါပီရှင် ပြွတ်စ်............ရပြီလား”

“ဟုတ်ရပါပီ ပြွတ်စ် ပြန်အာဘွားပေးတာ”

“အလည်လေး ထထ မျက်နှာသစ်မယ်လေ သွားတိုက်ရမယ် ဒီနေ့က သောကြာနေ့ဆိုတော့ ညနေအတန်းချိန်စောဆင်းမှာ ကန်တင်းမှာအချိန်ဖြူန်းရအောင်ညနေကျ အဆောင်ပဲနေနေရတာပျင်းတယ် တစ်ခါတလေတော့ ဆိုင်မှာအကြာကြီးထိုင်ချင်တယ် ”

“ဟုတ်ပီဗျ”

ခြူးတို့လဲ ရေမိုးချိုးပြီး အ၀တ်စားလဲကာ အတန်းတက်ရန်ပြင်ဆင်ရလေသည်မှာ တက္ကသိုလ်ကျောင်းသူတို့၏နေ့စဉ် ဒူ၀တာ၀န်လိုပင်။တစ်နေ့တာ စာသင်ပြီး အမောဖြေစရာ ကောင်မလေးချောချောလေး ရှိလို့တော်ပါသေးသည်။ရည်းစားမရှိတဲ့သူတွေဘယ်လိုများဖြတ်သန်းကြပါ့လို့ ခြူးတွေးမိသေးသည်။စာလဲလုပ်ရ ချွဲစရာ ရည်းစားလဲမရှိတော့ ပင်ပန်းနေမှာပေါ့ဆိုပြီးအတွေးထဲ နှိမ်လိုက်‌ေသးသည်။

Come across (Completed)Where stories live. Discover now