Capital ကိုရောက်တော့ အရင်ဦးဆုံး လျှောက်၍ပတ်ကြည့်မိကြသည်။တစ်ထပ်ဆီတွင် တစ်မျိုးဟုဆိုရအောင်ပင် စုံလင်လှသလို ဈေးကလဲကြီးသေးသည်ဟု ခြူးရောမမပါ ထင်မိသည်။Capitalတစ်ခုလံုးကိုကြည့်ပြီးသည့်ေနာက် ခြူးက တော့ပိုကီစားကြည့်ချင်သည်ဆိုသဖြင့် မြတ်မရာအောင်လဲ တော့ပိုကီဆိုင်တွင် ထိုင်ပြီး အမောဖြေရန်ဆံုးဖြတ်လိုက်သည်။ကျန်သည့်သူများကတော့ ကြေးအိုးဆိုင်သို့ ချီတက်ကုန်ကြသည်။
တော့ပိုကီ ပွဲလတ်တစ်ပွဲနှင့် ဆူရှီထမင်းလိပ် မှာပြီးသည့်နောက် ဓာတ်ပုံရိုက်ရန် အဆင်ပြေသည့်နေရာကို ထိုင်လိုက်ကြသည်။ခြူးကမမ မျက်နှာလေးကိုငေးကြည့်ရန်အတွေးဖြင့် မျက်နှာချင်းဆိုင် ထိုင်လိုက်တော့ အလိုမကျသည့်ဟန်ဖြင့်
“ ဘေဘီဘေးနားလာထိုင်လေ ဘာလို့ ဝေးရာကိုထိုင်နေတာလဲ ”
“ မဟုတ်ပါဘူးမမ ရဲ့ မမ မျက်နှာလေးကိုအမြဲတမ်းငေးကြည့်နေချင်လို့ပါနော် မမ က မကြိုက်ဘူးလား ”
“ အင်း မမ ကဘေးနားထိုင်တာပိုသဘောကျတယ် ”
“ ဟုတ်ပါပြီအဲ့ဆိုလဲ လာထိုင်မယ်”
ပြောပြောဆိုဆို မမ ဘေးနား၀င်ထိုင်လိုက်သောခြူးကြည်ဖြူနိုင်ရယ်ပါ။
“ ပြီးတော့လေ ဘေဘီ မ လို့ခေါ်ချင်တယ် မ ဆိုတာ မ တစ်ယောက်တည်းအတွက်သီးသန့်ဖြစ်တည်မှုအနေနဲ့ပေါ့ မမ ကကျ ဘေဘီ့အထက်အကြီးတွေလဲ တစ်ခါတေလ ခေါ်ရတာတွေရှိတော့လေ ”
“ ဟုတ်ပါပြီဘေဘီ့သဘောပဲနော် ”
ထိုစဉ်မှာထားသည်များရောက်လာပြီး ဗိုက်ကလေးကိုအာဟာရထပ်ဖြည့်လိုက်ရသည်။အစားစားနေသည့်မ ကို ပုံရိုက်လိုက်တော့ပိုကီစားလိုက်ဖြင့် ခြူးတစ်ယောက် အလုပ်ရှုပ်နေသည်။
နောက်တွင်တော့ အပေါ်ထပ်ရှိ market တွင် အဆောင်အတွက် လိုအပ်သည်များ၀ယ်ယူကြသည်။အဆာပြေစားရန်အတွက် မုန့်ခြောက်များ၊ခေါက်ဆွဲထုပ်များ ၀ယ်ယူခဲ့ကြသည်။ထို့နောက်တွင်တော့ ချည်ဆိုင်တွင် မ လိုအပ်သည့်ချည်များ၀ယ်ယူရန် ခြူးလဲလိုက်လာခဲ့သည်။ချည်ဆိုင်တွင် တော့ ခြူး တစ်ယောက် တစ်နေရာကို စူးစိုက်ကြည့်နေမိသည်။ကြည့်နေမိသည့်နေရာက စုံတွဲ လေးတစ်တွဲ ဆေးရောင်များဖြင့် Canvas စ ပေါ်တွင် လက်ရာလေးများဖန်တီးနေကြသည်ပင်။
YOU ARE READING
Come across (Completed)
Romanceခြူးကြည်ဖြူနိုင် အချစ်အကြောင်းကို မသိဒါပေမယ့် သိလာတဲ့အချိန် မမ ဆိုတဲ့သူလေးက နှလုံးသားထဲခိုး၀င်လာခဲ့ပြီ။ "မ မချစ်လို့မဖြစ်သီချင်းက ခြူးအတွက်များသီဆိုထားခဲ့လေသလား" မြတ်မရာအောင် ငယ်ငယ်ကတည်းက အချစ်မခံရခြင်းကြောင့် အချစ်ကိုလိုလားစွာ တောင်းတနေသူ ။ "ငါ့ကို...