Come across ( part 5)

475 18 0
                                    

ခြူးလဲ မြတ်မရာအောင် ဘေးနားကခံု‌ေလးမှာ၀င်ထိုင်လိုက်ပြီး နားမလည်သည့်စာများကို ရှင်းပြနေသည့် မြတ်မရာအောင်ကို အဆင်မပြေမှုများကို ငြီးငြူပြနေလေသည်။

"မမရာ ကျောင်းကြီးကလဲ ပျင်းစရာကြီးနော် စာ မှ စာချည်းပဲ ဘာစာတွေမှန်းလဲမသိသင်ရတာ အမောပြေကြည့်ရအောင်ကို ယောက်ျားလေးချောချော မပြောနဲ့ ယောက်က်ျားလေးမြင်ရရင်ကိုကံကောင်း ဒီကျောင်းကလဲစိတ်ပျက်စရာကြီးခုလဲသင်္ချာကဘာ‌ေတွတွက်မှန်းကိုမသိဘူး" သင်္ချာတွက်ရင်း ပြောလိုက်တော့ မမကရယ်လျက်

"ဒီလိုပါပဲ ရောက်စကကျောင်းသူတွေပြောနေကျဒီစကားက နောက်ပိုင်းကျနေသားကျပါလိမ့်မယ် မမ ဆိုဒီကျောင်းကိုသိတောင်မသိခဲ့ဘူး အိမ်ကအစ်မ လျှောက်ပေးလို့သာရောက်လာတာလေ "

"ဟုတ်လားခြူးကတော့ဆေးကိုဝါသနာပါတယ်ဆိုပြီးလျှောက်ခဲ့တာလေ ကျောင်းရွေးမှားပြီထင်ပါ့ဗျာ ပြီးတော့လေရှိသေးတယ် အပင်တွေအကြောင်းသင်ရတာလေ ‌ခြူးက အပင်အကြောင်း စိတ်မ၀င်စားဘူးဗျာနားလဲမလည်ဘူး ဘယ်လိုလုပ်ရမလဲဟင် "

"ဟောတော့်ရှင်လေးကလဲ ဆေးဆိုတာက အပင်တွေကယူရတာလေ «နွယ်မြက်သစ်ပင်ဆေးဖက်၀င်၏» တဲ့ အဲ့တာတွေက အဓိကသိရမယ့်ဟာတွေမို့သင်ရတာလေကွယ် ရှင်လေးကအဲ့တာတွေစိတ်မ၀င်စားပဲ ဘာသင်ရမယ်ထင်လို့ရောက်လာတာတုန်း"

ခြေတစ်ဖက်ကိုချိတ်၍ မေးလေးထောက်ပြီး ပြုံးစိစိဖြင့် မေးလာသော
မြတ်မရ‌ာအောင်

" အာ ...မမကလဲ ဆေးဝါးဆိုတော့ ဆေးထုတ်ပုံထုတ်နည်း ဆေးဖော်စပ်နည်းတွေပဲသင်ရမှာ ထင်လို့လေဗျာအခုကျ စိတ်မ၀င်စားတဲ့ အပင်တွေကော အကောင်တွေကော သင်ရကျက်ရတော့မှာ "

ခေါင်းကုတ်ပြီး စိတ်ရှုပ်နေဟန်ဖြင့် ဖြေလိုက်သော ခြူးကြည်ဖြူနိုင်ရယ်ပါ။

"ဟောကွယ်ရှင်‌ကလဲ ထုတ်လုပ်တာ ဖော်စပ်တာတွေက နောက်နှစ်တွေကျသင်ရမှာပေါ့၊အခုက ‌အခြေခံသိသင့်သိထိုက်တာတွေကို သင်ရမှာလေကွယ် နည်းနည်းပါးပါးနားလည်အောင်တော့လုပ်ရမှာပေါ့ သေချာလိုက်နားထောင်ပေါ့ သင်ရင် အတန်းလဲ လစ်မနေနဲဲ့"

Come across (Completed)Where stories live. Discover now