(Part 8)

393 16 0
                                    

ရက်တွေလတွေလဲကြာတော့ သံယောဇဉ်တွေလဲတွယ်မိလာပြီ။

မမဘက်ကတော့မသိပေမယ့် ခြူး တစ်ယောက်ကတော့ တစ်နေ့တစ်နေ့ မမ အကြောင်းသာတွေးမိပြီးစာတောင်ကောင်းကောင်းမလုပ်နိုင်ချေ။

ဖွင့်လဲမပြောရဲ၊ရှိနေပြီးသားဆက်ဆံရေးလေးပျက်စီးသွားမှာလဲကြောက်မိသည်။

ဖူးမ မွေးနေ့ရောက်သည့်‌ေန့က မုန့်မှာပြီးသူငယ်ချင်းတွေစုကာ ကျောင်းထဲတွင်မုန့်‌ေကွျးသည်။

ညရောက်တော့ ဖူးမ စတိုးဆိုင်ကနေဆိုဂျူပုလင်း ခိုး၀ယ်ခဲ့သည်ဆိုပြီး ခြူး ကို‌ပြသည်။

ခြူးကတော့အဆောင်ကကျောင်းအဆောင်ဖြစ်သည့်အလျောက်အပြင်အဆောင်နှင့်မတူပဲ စည်းကမ်းတင်းကြပ်သဖြင့် မိသွားရင်အဆောင်ကထုတ်ခံရမှာကိုကြောက်နေသည်။

ဖူးမကတော့အကြောက်အလန့်မရှိပဲမွေးနေ့မှာတစ်ခါတလေပဲဆိုကာ သောက်နေလေ‌သည်။
ခြူးကိုလဲတိုက်သည်။ခြူးလဲ မမ ကိစ္စစိတ်ရှုပ်နေသဖြင့် တစ်ပုလင်းယူကာမော့ချလိုက်တော့သည်။ဖူးမက မျက်လုံးပြုးမျက်ဆံပြူးဖြင့် ကြည့်ကာ

“ဟဲ့ဟဲ့‌ေသ‌ေတာ့မှာပဲတစ်ခါမှလဲမ‌ေသာက်ဘူးပဲနဲ့ကို နည်းနည်းချင်းဆီသောက်လေဟ နင်ကြည့်ပီးမမူးရသေးဘူးအမူးပြေချင်နေပြီငါတော့”

“မသိဘူးဟာ စိတ်ရှုပ်နေလို့ငါလဲ နင့်ဟာကချိုလဲမချိုဘူးဟဘယ်လိုအရသာကြီးတုန်း”

“အချိုရည်သောက်နေတာမှမဟုတ်တာချိုရအောင် ဆိုဂျူလေဟဲ့ ဟဲ့ဟဲ့ ဇွတ်သောက်မနေနဲ့လေ နင်ကလဲ မူးနေအုံးမယ်”

“မူးစရာလားမမူးပါဘူးနော် လွမ်းလာပြီမမကို မမနဲ့စာပို့မယ်ကွာ”

ပြောပြောဆိုဆိုဖုန်းဖွင့်ကာ စာပို့နေသော အမူးမကိုဖူးမ မနိုင်တော့။

ဖူးမကတော့ ဘယ်လောက်မှတောင်မသောက်ရသေးပဲ မူးနေပြီးစကားပြောနေသောအမူးမလေးကိုထိန်းနေရတော့သည်။အစကတော့သူပဲကြောက်နေပြီးသူအခုအရင်မူးနေပြီဆိုပြီး ဖူးမကတော့ မေတ္တာပို့နေသည်ကို အမူးမလေးကတော့သိမည်မထင်။

တစ်ဖက်က မြတ်မရာအောင် ကတော့ လိုင်းသုံးနေရင်း

'ပျင်းလိုက်တာ လိုင်းကလဲစုတ်ချာနေတာပဲတောထဲဆိုတော့' စိတ်ထဲ‌ကတွေးနေသည့်အချိန်

Come across (Completed)Where stories live. Discover now