(Part 25)

372 12 8
                                    

နောက်‌တစ်နေ့စနေနေ့တွင်တော့ ခြူး နှင့် မရာ တို့ ဆိုင်ကယ်လေးဖြင့် အနီးနားရှိ ရွှေစာရံဘုရားသို့သွားဖူးရန်ပြင်ဆင်ကြလေသည်။
ခြူး ကတော့ တီရှပ်လေးကို ‌စတိုင်ပန့်ဘောင်းဘီထဲထည့်၀တ်ထားပြီး မမ ကတော့ မြန်မာဆန်ဆန်လေးနှင့် လှနေတော့သည်။

"ဘေဘီကလဲ ဘုရားသွားမှာကို ဘယ့်နှယ့်ဘောင်းဘီ၀တ်ထားတာလဲ ထဘီလေးပြောင်း၀တ်လေကွယ်"

"မကလဲ ဘေဘီက စိတ်အိုက်လို့ပါ နောက်ခါမှ၀တ်တော့မယ် ခုက ဘောင်းဘီ၀တ်ချင်လို့မို့ နော်နော်"

"ဟုတ်ပါပြီအဲ့ဆိုလဲ ‌ဒါနဲ့ဘုရားဖူးပြိးရင် ဘယ်သွားကြအုံးမလဲ"

"ဟီးဟီး မပြောဖူး ရောက်မှသိ"

"အမလေးးဟုတ်ပါပြီရှင်ရယ် ဒါနဲ့ဘေဘီ့လွယ်အိတ်ကြီးက ဘာလို့ယူလာမာလဲ အိတ်ကလဲဖောင်းနေတာပဲ"

"မမကလဲ secret ပါဆို ရောက်မှသိ"

"စိတ်‌ေတွ၀င်စားနေပြီနော် ငါ့ဘေဘီတော့ဘာတွေအထူးဆန်းလုပ်မလဲဆိုတာ"

လျှာတစ်လစ်လေးထုတ်ပြပြီး ပြောင်ပြနေသော ခြူးကို မရာလဲ ခေါင်းခါရင်း လွှတ်ထားလိုက်တော့သည်။

လိုအပ်သည့် အရာများထည့်ပြီးနောက်တော့ မနက် ရှစ်နာရီခန့်လောက်တွင် ထွက်လာခဲ့ကြသည်။မနက်ခင်း‌ဆိုတော့ သိပ်ပူပြင်းမှုမရှိနေပဲ အနည်းငယ်အေးမြနေပြီး လမ်းဘေးဝဲယာရှိ လယ်ကွင်းစိမ်းစိမ်းလေးများက မျက်စိပသာဒကိုဖြစ်ပေါ်စေသည်။

ထို့အပြင် ရည်းစားလေးကိုခါးဖက်ပြီးကြည်နူးနေရသည့် ခံစားချက်ကလဲ ဘာနဲ့မှမလဲနိုင်ရအောင် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ပင်။ဘက်မှန်မှတဆင့် ထင်နေသည့် ခြူး ရဲ့ ပုံရိပ်ကလေးကို မရာ‌တစ်ယောက် ခိုးခိုးကြည့်ကာ ပြုံးနေမိသည်။စချင်လာ၍ ခြူး ခါးလေးကို တို့လိုက်တော့

"ဟိတ်မမ မလုပ်နဲ့နော် ယားတယ် ဆိုင်ကယ်လဲလိမ့်မယ်"

"ဟီးဟီး ဘေဘီကလဲ ချစ်လို့ပါ ဆိုင်ကယ်တော့မလဲပါနဲ့ မတို့တော့ဘူးနော်"

"ဟုတ်ပီ ကဲကဲ ငါ့မမပျင်းနေပြီထင်တယ် အမြန်မောင်းပေးမယ်"

ဆိုင်ကယ်လီဗာကို တအားဆွဲလိုက်တော့ မရာတစ်ယောက် ခြူး ခါးလေးကိုမလွတ်တမ်းဖက်ထားရင်း ကလေး‌တစ်ယောက်လို သီချင်းတွေအော်ဆိုနေမိသည်။လူတိုင်းကအချစ်နဲ့ဆို ရူးတတ်ကြတာပဲလေ။

Come across (Completed)Where stories live. Discover now