(Part 18)

297 11 0
                                    

အိမ်ရောက်တော့ ခြူး လဲ အိမ်ထမင်း၊အိမ်ဟင်း လွမ်းနေသည်ဖြစ်၍ မေမေ့ကို ဟင်း တစ်မျိုးပြီးတစ်မျိုး ချက်ခိုင်းလေသည်။ခြူး ကြိုက်သည့် ဆိတ်သားငါးပိချက်၊အာလူးသီးနှင့်ကြက်သားချက်၊ကြက်သားသပြွန်းဟင်း(ကြက်သားနှင့်ဘူးသီး သို့ ကြက်သားနှင့်ဖရုံသီး အရောဟင်းဖြစ်ပါတယ်နော်)မေမေက လက်စွမ်းတွေပြပြီး ချက်ကျွေးတော့ ခြူး လဲတနေ့ကို မုန့်သရောစာတောင် မစားနိုင်ပဲ စားကောင်း‌ေကာင်းနှင့်အားပေးရလေသည်။

နေ့တိုင်းလဲ မ နှင့် ဖုန်းပြောဖြစ်သည်။ဂျူး ကလဲပိတ်ရက်ဆိုတော့ အိမ်အလည်လာပြီး မတွေ့ရသမျှ အတိုးချ၍ စကားများကိုရေပက်မ၀င် ပြောကြသည်။ကျောင်းအကြောင်း၊စာအကြောင်းများပေါ့။ဂျူး ကတော့ ပြောလို့မ၀၍ထင် အိမ်မှာပင်ညအိပ်လေသည်။

မ နဲ့လဲ ဂျူး ကိုမိတ်ဆက်ပေးသည်။မ ကသူစိမ်း‌ေတွနဲ့တော်ရုံဆိုရင် သိပ်ပိးစကားပြောလေ့မရှိပေမယ့် ခြူး သူငယ်ချင်းမို့ ထင်ပါ့ ပြောလိုက်ကြသည်မှာ အရင်းကြီးတွေအတိုင်း။နှစ်‌ေယာက်သား ခြူး အကြောင်းVc ပြောကြသည်မှာ ခြူးကို ပစ်ထားသလို‌ဖြစ်နေ၍ ခြူး ကပင်စိတ်ကောက်ချင်နေသည်။

“အမရေ့ အမ‌ရဲ့ကလေးလေးက ညီမကို နှုတ်သီးနဲ့‌ထိုးတော့မယ်ထင်တယ်”

“ဟုတ်လား ပြပါအုံး မမရဲ့ကလေးလေး ကောက်နေတဲ့ပုံလေး”

“ဒီမှာကြည့် ဒီမှာကြည့်”

ဂျူးလဲ ခြူး နှုတ်ခမ်းဆူ နေသည့် ပုံလေးကို ပြလိုက်ပြီး

“အမရဲ့ကောင်မလေးက  ငှက်ထင်တယ်နော် နှုတ်သီးဒီလောက်ကြီးတာ လူ မဖြစ်နိုင်ဘူး”

“ခိခိ တို့ကလေးလေးကိုအဲ့လိုမစ ပါနဲ့ တို့မှာရှိတဲ့တစ်ဦးတည်းသော ကလေးလေးကို”

“အမလေး သူ့ကလေး ဘက်ကနာနေတာကြည့်စမ်း မခံစားနိုင်တော့ဘူး အိမ်အောက်ထပ်သွားပြီး အန်တီကို ကူညီလိုက်အုံးမယ်”

ဂျူး လဲဖုန်းကို ခြူး ဆီပေးခဲ့ပြီး အိမ်အောက်ထပ်ကိုဆင်းလာခဲ့သည်။

“ကြည့်ပါအုံး မမကလေးလေးက ကောက်နေတာပေါ့လေ ဟုတ်လား”

“.......”

Come across (Completed)Where stories live. Discover now