(Part 7)

410 16 0
                                    

ခွန်နှစ်ရီခွဲတော့ ပွဲလဲစနေပြီး ၀န်ကြီးများလဲရောက်ရှိလာလေပြီ။ပါမောက္ခချုပ်မှ ကျေးဇူးတင်မှာစကားပြောပြီး ဆိုင်ရာဆိုင်ရာ ဩဝါဒခြွေနေလေသည်။၀န်ကြီးများလဲ နှုတ်ဆက်စကားပြောပြီး ပွဲစလေသည်။ ပွဲအစတွင်  နောက်ဆုံးနှစ်အစ်မကြီးတို့မှ မြန်မာ့အကအလှဖြင့်ဖျော်ဖြေနေပြီးအကသုံးလေးပုဒ်ပြီးတော့ခြူး ဆိုရမည့်အလှည့်ကိုရောက်ရှိလာလေပြီ။ခြူးလဲအသင့် ပါလာသည့်အ၀တ်အစားကို သီချင်းဆိုရန် လဲထားလိုက်လေသည်။ခြူးလဲ စင်ကြောက်သည့်လူမျိုးတော့မဟုတ်ပေ၊သို့ပေမယ့် ပထမဆုံးကျောင်းမှာဆိုရမည့်ဆိုတော့နည်းနည်းပါးပါးတော့ကြောက်မိသည်မှာမထူးဆန်း‌ေပ။

အင်္ကျီအဖြူရောင်လေးကို စတိုင်ပန့် တွင်ထည့်ထားပြီးရှူးဖိနပ်အမည်းလေးစီးကာ ဆံပင်ကိုခပ်မြှောက်မြှောက်စည်းထားသည်။လုံး၀ တာချီ‌ေပါက်စပုံစံလေးပင်။အခန်းအနားမှုးမှသီချင်း‌ေခါင်းစဥ်ကို‌ေကြငြာ‌ေပးပြီး ခြူးလဲသီချင်းဆိုရန် စင်ပေါ်တက်တော့ အော်လိုက်ကြသည်မှာ နားကွဲလုမတက်။ခြူးပင်လန့်မိသွားသည်။ခေါင်းစဉ်ကတော့ “မ မချစ်လို့မဖြစ်တဲ့”။စင်ပေါ်ရောက်တော့မျက်လုံးကိုဝေ့ဝဲပြီး မမ ကိုလိုက်ရှာနေမိသည်။တွေ့ပါပြီ လေ အပေါက်၀ မှာအပြေးအလွှားလေးဝင်လာသောသူမ။ကချင်၀တ်စုံလေးနှင့်ဆိုတော့ ကချင်က ကမည်ထင်။လုံး၀ကို၀တ်စံု‌ေလးနှင့်လိုက်ဖက်နေသောမမရယ်ပါ။

“ငယ်သေးတဲ့အချစ်မို့မလေးစားတာလားပြောပါ
ကျနော်သိပ်ချစ်တတ်တာကျနော်သာသိပါ။
ညတိုင်းပဲမ ကို အိပ်ပျက်ခံပြီးလွမ်းတာ
ကျနော့်ရဲ့အဖြစ်ကိုသနားပါဗျာ့”

ကြည်လင်ပြတ်သားတဲ့အသံလေးနှင့်
ရုပ်လေးကလဲ‌ေချာ‌ေချာ‌ေလးဆို‌ေတာ့ မိန်းကလေးအချင်းချင်းတောင်ကြွေနေကြသည်။အတန်းကြီးအစ်မကြီးများလဲ လုံး၀ကို အဆို မှာနစ်မြောနေပြီး သဘောကျနေကြသည်။ခြူးကတော့အဲ့တာတွေမသိ မမ ကိုပဲကြည့်ပြီးသီဆိုနေတော့ အားပေးနေသည့် သူများက မမ ကိုတစ်လှည့် ခြူးကိုတစ်လှည့် ကြည့်ကာတီးတိုးပြောဆိုနေကြသည်။ခြူးလဲသီဆိုပြီးတော့ ခြေလက်တုန်ပြီး အိမ်သာပြေးရသည်။အိမ်သာမှာမမနဲ့ပက်ပင်းတိုးကာ

Come across (Completed)Where stories live. Discover now