အဆောင်အခန်းကြည့်ပြီးသည့်နောက်တွင်တော့ ခြူးလည်း နေရန်အတွက် အ၀တ်အစားများ၊အသုံးအဆောင်များယူရန်အိမ်ကိုပြန်ခဲ့ရသည်။
မိဘများကလည်း သမီး ဖြစ်သူကို ဆုံးမစကားဩဝါဒများချွေနေကြသည်။မိဘနှစ်ပါးမှာ မထားချင်ပဲ သမီးဖြစ်သူစိတ်ဆန္ဒအရထားရခြင်းဖြစ်သည်။လိုအပ်သည့်အရာများအားလည်း၀ယ်ပြီးနောက်တွင် အဆောင်နေရန်စတင်ခဲ့သည်။
ဂျူးကိုလည်းဖုန်းဆက်ကာအဆောင်နေလို့ရ၍သူ့ဆီအလည်လာရန်လည်းဖုန်းဆက်ပြီးပြောခဲ့ရသည်။ခြူးတွင်သူငယ်ချင်းဟူ၍ဂျူးတစ်ယောက်သာရှိသည်။ကျန်တဲ့သူများမှာ မေးထူးခေါ်ပြောမျှသာ။
အဆောင်ရောက်သည့်နောက်တွင်တော့ အဆောင်အခန်းတွင် ပစ္စည်းများနေရာချ၊အ၀တ်အစားပုံးများနေရာချရနှင့် အချိန်အတော်ကုန်သွားခဲ့ရသည်။
အဆောင်အခန်းမှာနှစ်ယောက်ခန်းပင်ဖြစ်သည်။ကျယ်ကျယ်၀န်း၀န်းနှင့် လေကောင်းလေသန့်လည်းရသည်။ေလးယောက်ခန်းရှိသော်လည်း နှစ်ယောက်ခန်းကပို၍အဆင်ပြေနိုင်မည်ထင်၍ နှစ်ယောက်ခန်းကိုရွေးချယ်လိုက်ခြင်းဖြစ်သည်။ထိုတစ်ယောက် လွတ်နေသောနေရာကိုရွယ်တူဖြစ်ရန်ဆုတောင်းလိုက်မိသည်။နေရာချခြင်းပြီးစီးသည့်အချိန်တွင် ရေချိုး၍ကုတင်ပေါ်တွင် အနားယူရန်ပြင်ဆင်လိုက်သည်။အိပ်ယာပေါ်ရောက်သည့်အချိန်တွင် ပြုတ်ကျကျန်ခဲ့သောစာအုပ်လေးကိုသတိရသွား၍ အိပ်ယာဘေးကစားကြည့်စားပွဲမှစာအုပ်ကလေးကိုကောက်ယူလိုက်သည်။စာအုပ်ကလေးမှာ ဒိုင်ယာရီစာအုပ်ကလေးဖြစ်နေသည်။
နာမည်လေးက မြတ်မရာအောင် တဲ့။
"အင်း နာမည်လေးကလှသားပဲ လူလေးကလဲလှမယ့်ပုံလေး နောက်ကမြင်လိုက်တာတောင်ဆံပင်ရှည်ကြီးနဲ့ကျက်သရေရှိနေတာပဲ"
ခြူးစိတ်ထဲမှတွေးနေခြင်းဖြစ်သည်။တစ်ပါးသူ၏ဒိုင်ယာရီကိုဖတ်ခြင်းသည် မကောင်းဟု နားလည်ထားသဖြင့် ခြူးလည်း အထဲကိုလှန်၍မဖတ်ချေ။ နောက်နေ့မှသာရှာ၍ပေးမည် ဟု ဆုံးဖြတ်လိုက်သည်။ထို့နောက်တွင်တော့ ပင်ပန်း၍အိပ်ပျော်သွားလေသည်။နိုးလာသည့်အခိုက်တွင်တော့ အခန်းဖော်ေနရာပြင်ဆင်နေလေသည်ကိုေတွ့ရသည်။
လူပုံကြည့်ရသည်မှာတော့ခပ်အေးအေးနှင့်ရွယ်တူပင်ဖြစ်မည်ဟုခြူးစဉ်းစားမိသည်။
YOU ARE READING
Come across (Completed)
Romansaခြူးကြည်ဖြူနိုင် အချစ်အကြောင်းကို မသိဒါပေမယ့် သိလာတဲ့အချိန် မမ ဆိုတဲ့သူလေးက နှလုံးသားထဲခိုး၀င်လာခဲ့ပြီ။ "မ မချစ်လို့မဖြစ်သီချင်းက ခြူးအတွက်များသီဆိုထားခဲ့လေသလား" မြတ်မရာအောင် ငယ်ငယ်ကတည်းက အချစ်မခံရခြင်းကြောင့် အချစ်ကိုလိုလားစွာ တောင်းတနေသူ ။ "ငါ့ကို...