ဤဇာတ်လမ်းနှင့် ဇာတ်ကောင်များမှာ စိတ်ကူးယဥ် များသာ ဖြစ်ပြီး စာရေးသူနှင့်သာ သက်ဆိုင်ပါသည် ။
"Ah-ha-ha
Ah-ha-ha-ha-ha
Ah-ha-ha" ဟု Abba ၏ angle eyes သီချင်းလေးကို ညည်းညူနေသူမှာ ဒေါက်တာ ဆွေနုရည် ။ ထိုအမျိုးသမီးဟာ သိပ်ကို ယဥ်သည်။ လေးဆယ်ကျော် အမျိုးသမီးတစ်ယောက်ရဲ့ အလှများနှင့်လည်း ပြီးပြည်စုံလို့နေသည့်ထို အမျိုးသမီးကလှ၏။"ဆွေရေ ..မကြီးဝင်လာပြီနော်"
အစ်မဖြစ်သူ တင်နုရည် အသံကြောင့် ကုတင်ပေါ်တွင်ထိုင်လျှက် အဝတ်များခေါက်နေသည့် ဆွေလည်း အသံပြန်ပြုတော့သည်။
"မမ ဝင်လာ ..ဆွေရှိတယ်" ဟု ပြုံးလျှက်ပြောရင်း အခန်းအတွင်းဝင်လာသည့် အစ်မဖြစ်သူကို ပြုံးပြတော့သည်။
"ဟယ် ငါ့ညီမအဆင်သင့်မဖြစ်သေးဘူးလား"ဟု အဝတ်များထိုင်ခေါက်နေသည့် ညီမဖြစ်သူအားကြည့်ကာပြောတော့၏။
"ဟင် ..မမ ကို ညက ဆွေပြောတယ်လေ ၊မလိုက်တော့ဘူးလို့"
ဆွေ က စကားပြောလျှင် မျက်နှာဟန်ပန်လေးတွေနှင့်ပါပြောလေ့ရှိသည် ။ မျက်ခုံးလေးပင့်လျှက် ပြောသည့် အချက်ကတော့ သူမ ၏ ထူးခြားချက်လေးသာ ။
"အာဟုတ်သားပဲ"
"ဟားဟားဟား. ငါ့အစ်မလည်း အသက်ကြီးလာလို့လားမသိ မေ့တတ်လိုက်ပုံများ"
"ဟုတ်ပါ့ ..ဒါဆို အစ်မတို့သွားတော့မယ် တော်ကြာ လဲ့လဲ့က သိတဲ့အတိုင်း သူစောင့်နေတာကြာရင် တို့တွေကို ဆူနေဦးမယ်"
ဆွေနုရည်တွင် မွေးချင်းညီအစ်မ (၃)ယောက်တိတိရှိသည်။ အကြီးဆုံးအစ်မဖြစ်သူ တင်နုရည် ၊ တင်နုရည်မှာ ညီအစ်မများကြားတွင် အချောဆုံးပင်ဖြစ်ပြီး အသားညိုညို ကိုယ်လုံး လှလှနှင့် ပါးချိုင့်တစ်ဖက် ပါဝင်၏။ ဆွေနုရည် ၊ ဆွေ့မှာပင် အစ်မဖြစ်သူလောက်မချောပေမဲ့ ယဉ်ကာ သူမအလှမှာ အကြည့်ခံပြီး တစ်ခါကြည့်ပြီးလျှင်လည်း ထပ်ခါတလဲလဲ ကြည့်ချင်လောက်အောင်ဆွဲဆောင်နိုင်သည့် အလှတရားပိုင်ရှင်ဖြစ်ပြီး မညိုလွန်း မဖြူလွန်းသည့် အသားအရေ ပိုင်ရှင်တစ်ဦးဖြစ်ကာ ဆရာဝန်ကြီးတစ်ဦးလည်းဖြစ်သည်။ ရယ်လိုက်လျှင်လည်း ညီညာလှသည့် သွားလေးများမှာ ဖွေးကာ ထွက်လာသူပင်။သို့သော် ညီအစ်မ (၃) ယောက်မှာ ရုပ်ချင်းလည်း ဆင်သည်။
YOU ARE READING
My Dearest Swe (Completed)
Romanceတော်တော့်ကိုချစ်ဖို့ကောင်းတဲ့အမျိုးသမီးကြီးပဲ ကြာရင်ဖက်နမ်းမိတော့မယ်