အခန်း (၂၆)

10.1K 640 0
                                    

"ဒေါက်တာက အရှည်ကြိုက်ရင် နောင် အရှည်ကြီးပဲထားမယ်လေ ၊ ဒါနဲ့ ..ဒီနေ့ ဒီနေ့မှ မဟုတ်ပါဘူး ဒေါက်တာနဲ့ မတွေ့ဖြစ် မပြောဖြစ်တဲ့ရက်တွေ မှာ ဒေါက်တာ့ကို သိပ်လွမ်းတာပဲ " ဟု စွန့်စားစွာပို့လိုက်မိသည် ။

သို့သော် ဆွေနုရည် ဆီ မှ ပြန်စာမလာတော့ချေ။

"ကောင်းရော...ငါဟာလေ တော်တော့် ကို "

အယ်မလီ လည်း မိမိဘာသာ အပြစ်တင်မဆုံးပေ ။

နောက်တနေ့ မနက် မနက်စာဝိုင်းတွင် မျက်နှာချင်းဆိုင် အနေထားထိုင်နေသော်လည်း ဖွားအေ ဖြစ်သူနှင့် စကား ပြောခြင်းမရှိသည့် သမီး ဖြစ်သူကြောင့် အယ်မလီ့ အမေလည်း အနေခက်နေရသည်။

"ဒီနေ့ ...." အယ်မလီ မှ စကားစလိုက်သည် ။

"အင်း သမီး "

"ဒီနေ့ သမီး အပြင်သွားမလို့ မာမီ "

"ဘယ်လဲ သမီး.."

"visa ရုံးပါ ။ ပြီးရင်သူငယ်ချင်းတွေ နဲ့ သွားတွေ့မလို့ "

"visa က ပြည့်ပြီမို့လား ..."

"အင်း လိုတော့လိုပါသေးတယ် "

ဖွားအေ ဖြစ်သူလည်း အယ်မလီ ကို မသိမသာ ကြည့်နေမိသည် ။

"ဆက်နေမှာလား ..ပြန်မလား သမီး "

အယ်မလီ လည်း မိခင်ဖြစ်သူမေးခွန်းအတွက် အဖြေကို ပြန်ဖြေဖို့ အချိန် အတော်ယူနေရ၏။

"သမီးကတော့ ဆက်နေမယ် တွေးထားတယ် ..."

မိခင်ဖြစ်သူ လည်း သမီး ဖြစ်သူ အဖြေကြောင့် ပြုံးလိုက်ပေမဲ့ ထို အချိန် ဖွားအေ ဖြစ်သူမှ

"နေမယ်ဆိုလည်း တစ်ခုခု လုပ် ...ဒီတိုင်းချည်း နေမနေနဲ့ "

"မေမေ.."

အယ်မလီ မျက်နှာတည်သွားပြီး ဖွားအေ ဖြစ်သူ ကို သေချာကြည့်လိုက်သည် ။

"စိတ်ချပါ ...."

နောက်ဆုံး ပြုံးလိုက်သည့် အပြုံးမှာ အသက်မပါချေ။

ထို့နောက် ကော်ဖီ ဆိုင်တွင် သူငယ်ချင်း နှစ်ယောက်နှင့် အတူ ထိုင်ရင်း အခြေအနေကို ပြန်ပြောပြနေသည့် အယ်မလီ​။

My Dearest Swe (Completed)Where stories live. Discover now