အခန်း ( ၂၇ )

10K 644 0
                                    


"ဆရာမရယ် ကျွန်မသားလေးကိုတော့ ကယ်ပေးပါ ....။ ကျွန်မကိုက ထားခဲ့ပါ ၊ ကျွန်မသားလေးကို ခေါ်သွားပေးပါ ၊ လူဖြစ်ပါစေကလေး ရေ..." ဟု မီးတွင်းထဲက လူနာ ဖြစ်သည့် အမျိုးသမီးငယ်တစ်ဦးမှ အတွေ့အကြုံသိပ်မရှိသေးသည့် ဆရာဝန်ပေါက်စလေးကို အကူအညီတောင်းနေမိသည် ။ ထိုသူမှာ အခြားသူမဟုတ် ဆွေနုရည် သာ ။ လူ့လောကထဲ ရောက်လာသည်မှာ မိနစ်ပိုင်းသားရှိသည့် မွေးကင်းစ ကလေးလေး၏ ငိုကြွေးသံများမှာလည် ဆူညံနေသည် ။

"လူဖြစ်ပါစေ ကလေးရေ ....." ဟု မွေးကင်းစ ကလေးလေးကို ကြည့်ရင်း ဆွေနုရည် ကို ကြည့်လိုက်သည့် ထို အမျိုးသမီး၏ မျက်ဝန်းများကို ဆွေနုရည် ကရုဏာ ဝင်မိသည် ။ ထို့ကြောင့် လည်း ထိုကလေးငယ်လေးကို ပွေ့ကာချီလိုက်ရင်း ထို အမျိုးသမီးကို နွေးထွေးစွာ ပြန်ပြုံးပြမိသည် ။ ထို အမျိုးသမီးမှာ မကြာခင် လူလောကထဲကထွက်ရတော့မည့် အဖြစ်ကို ဆွေနုရည်ကောင်းစွာ သိသည်။ ထို့နောက် သူမ လက်ထဲတွင်ရောက်နေသည့် ကလေးကို ကြည့်ရင်း မကြာ ထို အမျိုးသမီးမှာကွယ်လွန်သွားတော့သည် ။

ရွာ၏ သူကြီးအိမ်ရှေ့ရှိ ခုံလေးတွင် ဆွေနုရည်မှာ ထိုကလေးကို ပွေ့ချီထားရင်း ထိုင်နေမိသည် ။

"ဆရာမ ဖြစ်ပါ့မလား ။ ဆရာမက အပျိုလေးရယ် ။ ဆရာဘယ်လိုမွေးမလဲ​"

"ဖြစ်ပါတယ် ၊ ကျွန်မ အစ်မက အိမ်ထောင်သည်ရယ် ဒါပေမဲ့ ကလေးမရှိတော့ ဒီကလေးလေးကို ကျွန်မတို့ သွေးသားလေး အဖြစ် ကျွန်မ တို့မွေးနိုင်မှာပါ။ ပြီးတော့ ဒီကလေးလေး အမေကို ကျွန်မ ကတိပေးခဲ့မိတယ် " ဟု ပြောရင်း ထိုကလေးလေးကို ကြည့်နေသည့် ဆွေနုရည် မျက်ဝန်းများမှတဆင့် သူမ၏ စိတ်ဆုံးဖြတ်ချက် ပြတ်သားနေပုံကို မြင်နိုင်သလို ထိုကလေးလေးအပေါ် သူမ ထားမိသည့် သနားစိတ်နှင့်အတူ ချစ်စိတ်များလည်း မြင်နိုင်၏။

"ဒီကလေးရဲ့ ဖခင်က ....." ဟု ပြောလိုက်သည့် ရွာသူကြီး ကြောင့် ဆွေနုရည်လည်း ထိုလူ၏ မျက်နှာကို ကြည့်လိုက်သည်။

"ဘာဖြစ်လဲရှင့် "

"ထောင်ကျနေတာလေ ..လူသတ်သမားရယ် ....။ ကောင်မလေး ဒီကလေးလေးရဲ့ အမေရဲ့ အမေ ကို သတ်ပြီး ဒီကောင်မလေးကို အတင်း ယူခဲ့တာ ၊ ယူပြီးတော့လည်း အဲ့ကောင်က သောက်သောက်စားစား လူ့မင်းသား လုပ်ခဲ့တာ ၊ အပျော်မယ်တွေနဲ့ နေတာလွန်ရော ။ ဒီကလေးလေးရဲ့ အမေကိုကျ ယူထားတယ်ဆိုတဲ့ ခေါင်းစဥ်ပဲရှိတာ "

My Dearest Swe (Completed)Dove le storie prendono vita. Scoprilo ora