အခန်း ( ၁၇ )

9.2K 675 1
                                    

"ဒေါက်တာ ပျော်ဖို့ပဲ လိုတာပါ "

အယ်မလီလည်း ဆွေနုရည်၏ ဆန့်ကျင်ဘက်ကို ကြည့်ရင်းဆိုသည် ။ ထိုကဲ့သို့ ပြောနေသည့် အယ်မလီ ကို ဆွေနုရည်လည်း ကားမောင်းရင်း တခဏလှည့်ကြည့်မိသည်။အကြည့်များကို မမြင်ရသည့်အတွက် အယ်မလီ၏ မျက်ဝန်းအဓိပ္ပါယ်ကို ဆွေနုရည်မသိပေ။

"တို့ ပျော်ဖို့ မသောက်ခိုင်းတာတော့ မဟုတ်ပေမဲ့ သမီး ကျန်းမားရေးကို ကြည့်ပြီး တို့က မသောက်ခိုင်းတာပါ "

ထိုအချိန် အယ်မလီ အကြည့်များမှာ ကားစီယာတိုင်ပေါ်တွင် ရှိနေသည့် ဆွေနုရည် ၏ လက်ချောင်းလေးများဆီကိုသာ ။

"ဒေါက်တာ လက်လေးတွေက သိပ်လှတာပဲ "

အယ်မလီစကားကြောင့် ဆွေနုရည် မဲ့ပြုံးလေး ပြုံးလိုက်သည် ။တစ်ခဏ အကြာ အယ်မလီ အကြံတစ်ခုရသွားဟန် ဖြင့် ပြုံးလိုက်ရင်း ဆွေနုရည်ဘက်သို့ လှည့်လိုက်ရင်း ။

"ဒေါက်တာ့လက်က လှတယ် ဒါပေမဲ့ လက်လေးတွေက သေးသေးလေးတွေ ။အဲ့လို လက်သေးသေးလေးတွေနဲ့ ကားမောင်းရတာမပင်ပန်းဘူးလားဟင် ၊ ကိုယ်တွေဆို ကြည့်လိုက် လက်ဖဝါးတွေက အကြီးကြီးပဲ တွေ့လား "

အယ်မလီ မှာမှု မသိမသာလေး ဆွေနုရည်အား ရန်စနေတော့သည် ။

"အောင်မယ် ....လာသေးတယ် ။ ရှင့်လို ကလေးတစ်ယောက်ရဲ့လက်က ဘယ်လောက်များ ကြီးနိုင်မလဲ "

ဆွေနုရည်မှာ သူမ၏ လက်ဖဝါးကို ဖြန့်ပေးလိုက်တော့သည် ။ထို့ကြောင့် အယ်မလီလည်း အောင်နိုင်သူကဲ့သို့ ပြုံးလျှက် ဆွေနုရည်၏ လက်ဖဝါးပေါ်သို့ သူမ၏ လက်လေးတင်လိုက်သည်။ ထို အထိအတွေ့ကို အယ်မလီ​ ဘယ်အချိန်ရောက်ရောက် မေ့မည်မထင်ပေ ။

"တွေ့လား...တွေ့သလား ။ အမြင်နဲ့ ဘယ်အရာမှ မဆုံးဖြတ်နဲ့ကလေးမလေးရဲ့ ။ ဟွန့် ...."

ဆွေနုရည် သူမနှုတ်ခမ်းကို ထော်လန်ပြီး ပြောရင်း လက်အား ပြန်သိမ်းသွားတော့သည်။သို့သော်လည်း အယ်မလီ မှာ ဆွေနုရည်လက်နှင့်ထိခဲ့သည့် သူမ၏ လက်ကို ပြန်ကြည့်ရင်း ပီတိဖြစ်နေတော့၏။

ထိုအချိန် ကောင်းကင်ကြီးမှာ မည်းမှောင်လာပြီး မိုးစက်လေးများ ကျဆင်းလာသည်။

My Dearest Swe (Completed)Where stories live. Discover now